အဲ့အခါကျမှ သာလျှင် ကျန်းရှု သဘောပေါက် သွားတာက အသိပေးချက် ပို့တာက အင်တာဗျူး အောင်မြင်တဲ့ ပထမ ခြေလှမ်း ဟုတ်မနေတာကိုပဲ။

ပထမဆုံး စတင်တာက ကောင်းမွန်နေရမယ် ဆိုပေမယ့် သူကတော့ ခြေလှမ်းတောင် အခုထိ ကောင်းကောင်း မလှမ်းနိုင်သေးပါဘူး။

" ဒီမှာ အိမ်သာတွေ များရှိသလား မသိဘူး?''

ကျန်းရှုက ထွက်မသွား ခင် ထို ကုပ္မဏီ ရဲ့ အိမ်သာထဲတော့ ရောက်အောင် ကိုဝင်သွားမယ် လို့ တေးထားတယ်။

(လခွမ်း ၊ ဒီနေရာမှာ restrooms လို့ရေးထားတာပါ)

{ ကျွန်တော် အင်တာဗျူး ဖြေပြီးသွား ပြီလေ။ ပြီးတော့ သူတို့က ကျွန်တော့်ကို ပြန်သွားပြီးတော့ စောင့်ခိုင်းနေတယ်}

ကျန်းရှုက အိမ်သာအဖုံးပေါ် ထိုင်နေရင်းနဲ့ ရှုပေါ်စု ဆီကို မက်ဆေ့ချ် ပို့လိုက်တယ်။

ဒါပေမယ့် ထိုအချိန်မှာတော့ ထက်မြတ်လှတဲ့ ဘောစ့်က အလုပ်ရှုပ်နေနိုင်ပြီးတော့ သူ့ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူးဆိုတာကို ကျန်းရှုသိပါတယ်။

ကျန်းရှု က သူ့ဖုန်းကို အဝေးမှာထားလိုက်ပြီး ထွက်သွား ဖို့ပြင်ဆင်တော့တယ်။

နောက်ဆုံးမှာတော့ ကျန်းရှုက ' ဒင် ' ဆိုတဲ့ အသံလေးကို ကြားလိုက်ရ ပြီးတော့ ထိုနေရာမှာ တုံ့ပြန်မှုတစ်ခု ရှိနေတာကို တွေ့လိုက်ရ တယ်။

ဒီလူက အတော်ကောင်း တာပဲရော....။

ဖုန်းကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ကျန်းရှုရဲ့ အတွေးတွေ ပျောက်ဆုံး ကုန်တယ်။ သူ့ကို မက်ဆေ့ချ် ပို့တဲ့ လူက ရှုပေါ်စု မဟုတ် ခဲ့ပါ ဘူး။ ကွမ်ယိရွှမ် ပဲ ဖြစ်လို့နေပါတယ်။

( ရှုရှု အတွဲက ကြိုက်နေကြပြီ ဆိုတာကို သိကြသလား)

{ ကျန်းရှု ၊ မင်း အလုပ်တစ်ခု ရှာနေတာလား? }

ကျန်းရှု: { ဟုတ်တာပေါ့ ။ ဒါနဲ့ ခများက ဘယ်လိုလုပ်သိသလဲ }

ကွမ်ယိရွှမ်: { မင်းရဲ့ WeChat မှာ တင်ထားတဲ့ ပို့စ်ကြောင့်လေ }

ကျန်းရှု တစ်ယောက်  ဆွံ့အ သွားတယ်။

{ ခများရဲ့ တုံ့ပြန်နိုင်စွမ်း က အတော်လေး ကြာတာပဲဗျ }

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now