" ဒါက အသုံးအဖြုန်းကြီးတာပဲ.....''

ကျန်းရှုက ခပ်တိုးတိုး ရေရွတ် လိုက်တယ်။ နောက်ကျရင် အနာဂတ်မှာ ပိုက်ဆံတွေကို အလကားမဖြန်းတီးဖို့ တစ်ဖက်လူကို ပြောရမယ်။

ရှုပေါ်စု: { စတော်ဘယ်ရီ လေး မင်းအော်ဒါ ရပြီလား? }

ကျန်းရှု: { ကျွန်တော် ရပြီ။ }

ကျန်းရှုက အရသာခံ ပြီးတဲ့နောက် ထိုအော်ဒါက စျေးမပေါဘူးဆိုတာကို ပိုပြီး သေချာလာစေတယ်။ ဒါက အနည်းဆုံးတော့ ယွမ် ၁၀၀ ကျော်မှာပဲ။

ရှုပေါ်စု: { ကောင်းတယ်မလား ။ ဒါဆို မင်းလေး များများ စားလေ}

ကျန်းရှု: { ခများက အရမ်းကို ဖြုန်းတီးနေတာပဲ။ အနာဂတ်မှာ ဒီလောက် စျေးကြီးတာတွေ ကျွန်တော့်ကို မပေးနဲ့နော် }

ရှုပေါ်စု: { မင်းလေးက စားဖို့ သောက်ဖို့ အတွက် တော့ ပိုက်ဆံကို နှမျောနေဖို့ မလိုပါဘူး ကွယ် ။ ကိုယ်က မင်းထင် သလောက် မဆင်းရဲပါဘူးကွ }

ကျန်းရှု: { ခများ အိမ်ကထွက်လာတုံးက ယူလာတယ်လို့မ​ပြောနဲ့။ ငယ်စဥ် တုံးက ခများကို သူတို့အလုပ်တွေ ခိုင်းတော့ ခများက ဘေးအလုပ်တွေ လုပ်ပြီး ပိုက်ဆံတွေ ဖွက်ထားတာ မလား? ဒါက ခများတစ်ဘဝစာ စားဖို့ လုံလောက် တယ်လေ။ }

ရှုပေါ်စု: { ကိုယ်သိတာကတော့ အလုပ်များ များ လုပ်ပြီးတော့ မင်းကို ထောက်ပံ့ပေး ဖို့ပဲလေ။ }

ကျန်းရှုက ရှုပေါ်စု  ကို တစ်ခု ခု ပြန်ပြောချင်ပေမယ့် သူက အော်ဒါဘူး ပေါ်မှာ မီးနေသည် အတွက်ဆိုတာ ကိုတွေ့လိုက်ရတယ်။

" ဖွီး .......''

ကျန်းရှုက သူ့ပါးစပ် ထဲက အစားအသောက် တွေကို ထွေးထုတ်လိုက် မိလုနီးပါးပဲ။

ဖာခ့်!

မီးနေသည် အစားအစာ!

ရှုပေါ်စုက ငါ့ကို တကယ်ကြီး မီးနေသည် အစားအစာ ကျွေးရဲတယ်ပေါ့လေ!

လေထဲမှာ လွင့်နေတဲ့ ပုံက လွဲရင် ကျန်းရှု ရဲ့ အခုလက်ရှိ အခြေအနေကို ဖော်ပြနိုင်တဲ့ ပုံမရှိတော့ဘူး ။

သိပ်ကိုလှပတဲ့ အကွက်လေးပါလားဟေ။

အရည်အချင်း ရှိပါတယ် ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now