" အင်း ငါတို့က လက်ထပ်စာချုပ် ရပြီးသားလေ''

ရှုပေါ်စုက ခေါင်းကို ငြိမ့်ပြ ကာ အလွန့်ကို သိမ်မွေ့တဲ့ အသံလေးနဲ့ပြော လိုက်တယ်။

တစ်ချို့သော အမျိုးသမီး သုတေသန ပညာရှင်တွေက သူတို့ဝိုင်း ဘက်ကိုပဲအကြည့်တွေပို့လွှတ်နေလေတယ်။ စားသောက်ပြီးတဲ့ အခါ သူမတို့က ယဲ့စန်းလန်ကို သန့်စင် ခန်းထဲမှာ ပိတ်ရပ်ထား ပြီးတော့ တတွတ်တွတ် မေးမြန်းကြတော့တယ်။

" ရှောင်းယဲ့ မင်းနဲ့ အကိုရှုနဲ့က ဘယ်လို အခြေအနေရှိနေပြီလဲ?''

" သူ့မှာ ချစ်သူ ကောင်မလေး ရှိနေပြီးသားလား? "

အခုအခြေအနေမှာ တော့ သူတို့ဟာ ရှုပေါ်စု နဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ ယဲ့စန်းလန်ကို သာမေးမြန်း နိုင်ကြတော့တယ်။ ဒါက သူမအနေနဲ့ ပါဝင်ဖြေရှင်း ပေးရတာ ပထမဆုံး အကြိမ်မှ မဟုတ်တော့ ပဲ။

" စီနီယာ အကိုရှုက လက်ထပ်ပြီးသား လေ။ ''

သူမက ရှုပေါ်စုရဲ့ မိသားစု နောက်ခံကိုလည်း သေချာ စုံစမ်း ထားပြီးသားလေ။ ဒါကြောင့် သူမက ဆင်ဂယ် ဖြစ်နေရင်တောင်မှပဲ........  သူ့တို့ လို သာမန်လူ တွေမှာ အခွင့်အရေး မရှိလေဘူး။ ဟုတ်တယ်ဟုတ်?

" အာ သူက လက်ထပ်ပြီး သွားပြီလား? "

မိန်းကလေးတွေ က စိတ်ပျက် အံ့အား သင့်သွားလေတယ်။

" စိတ်မပူ ကြပါနဲ့။ တကယ်လို့ သူက လက်မထပ်ရသေးရင် တောင်မှပဲ ကျွန်မတို့မှာ အခွင့်အရေး မရှိနိုင်ဘူး ''

ယဲ့စန်းလန်က ထပ်ပြောတယ်။

" ငါက အကိုရှုရဲ့ မိသားစု အကြောင်း စုံစမ်း ထားတယ်။ သူတို့က အရမ်းကို စည်းကမ်းကြီး ပြီးဇီဇာကြောင်တယ်တဲ့။ သူ့ရဲ့ ချစ်သူကောင်မလေး ဖြစ်ကြည့်ပါလား အရမ်း ဖိအားများမှာပဲ။ ''

" ငါတို့လည်း အဲ့ဖိအားဒဏ်ကို ခံစားဘူးချင်တယ်လေ။ ဒါပေမယ့် အခွင့်အရေး မရှိ တော့တာက ပြဿနာပဲ ပဲဟယ် ''

လူတိုင်း က သက်ပြင်း ချလိုက်တယ်။

..........

ကျန်းရှု ဘက်မှာတော့ သူက ရှုပေါ်စု မှာပေးတဲ့အော်ဒါကို လက်ခံရရှိခဲ့တယ်။ ထုပ်ပိုးမှုက အတော်လေးကို သပ်ရပ်ပြီးတော့ အကြည့်တစ်ခု နဲ့တင် ဒါက ' ရှောင်းမန်ရှောင်တန် ' ဆိုင်က မဟုတ်လောက် ဘူး ဆိုတာ သိသာတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now