{fleshback of Sora}
"ပြောစရာရှိလို့ Sora"
"ပြောလေ Hoon"
"ငါပြောရင် စိတ်မဆိုးနဲ့နော်"
"စကားခံမနေနဲ့ ပြောစရာရှိတာပြော "
" ချစ်တယ် "
"ဟမ် ဘာပြောတာ "
" ချစ်တယ်လို့ "
"နင် လျှောက်ပြောမနေနဲ့နော် ငါရင်မခုန်ဘူးသိလား "
" အင်း "
"နင်က သေချာလို့လား"
" ငါမသိဘူး "
"ဒါဆို နင်ကဘာလို့ပြောတာလဲ "
"ငါမသိဘူး သွားစရာတစ်ခုရှိလို့ သွားတော့မယ်"
"ဟဲ့ နင့်ကို ငါလုံး၀မကြိုက်ဘူးနော် "
Hoonက ဘာမှ မပြောပဲသာ ထထွက်သွားသည်။တစ်ခါတစ်ရံကျ မိန်းကလေး အဖြစ်ကို အရမ်းမုန်းသည်။ချစ်တယ်လို့ပြောရင် မူရပါသည်တဲ့။ အဲ့လိုပြောရင် ရီချင်မိသည်။
ကိုယ်ကြိုက်ရင် ကြိုက်တယ်ပေါ့ ဘာမူစရာလိုလဲဟုသာ တွေးမိသည်။အခုHoonက ချစ်တယ်လို့ ဗြုန်းဆိုင်းကြီးပြောလာတေယ့ ကြောင်နေရမဲ့အတူတူ မကြိုက်ပါဘူးလို့သာ မူလိုက်မိသည်။ကိုယ်မုန်းတယ်ဆိုတဲ့ မိန်းကလေးအမူအကျင့်ကြီးက ကိုယ့်ဆီမှာ ရှိနေလို့ ပိုမုန်းရသည်။
သေချာပါသလား ဆိုတဲ့ အမေးရဲ့ အောက်မှာ မသိပါဘူးဆိုတဲ့ အဖြေကို ဖြေထားသူမို့ ကိုယ့်ရဲ့စိတ်ရင်း အမှန်ကို ပြောပြလိုက်မှ သူပိုမပျော်တော့မှာ စိုးရသည်ကြောင့်လဲ ပါပါသည်။အနာပေးလိုက် ဆေးပေးလိုက်နဲ့ Hoonကို မမုန်းရက်အောင် အသက်ထက်ချစ်ရပါသည်။
မနေ့ကမှ သူအချစ်စစ်ကို တွေ့ပြီထင်တယ်လို့ပြောလာတဲ့ Hoonကို ဘယ်သူလဲမေးတော့ နှုတ်ဆိတ်နေတဲ့ သူက ဒီနေ့ကျ သူ့က်ုချစ်ပါသည်တဲ့ ။ဒါပေမဲ့ Hoonရဲ့ ၀န်ခံချက်ကြီးက အသက်မပါတဲ့ ရုပ်ရှင်တစ်ကားလိုပဲ မသိဘူးဆိုတဲ့ အဖြေက အချစ်စစ်ကိုတွေ့နေပါတယ်ဆိုပြီး ဖွင့်ပြောတဲ့သူရဲ့ အဖြေလား။ ငါတော့ အဲ့လိုမထင်ဘူး။Hoonချစ်နေတာ တစ်ခြားတစ်ယောက်များလား။
~တီ~တီ~တီ~
"Kim Sora အခုချက်ချင်း အိမ်ကိုပြန်လာခဲ့ နင့်အဖေ အရက်တွေမူးလာတယ် ငါ့ကိုရန်လုပ်နေတယ် ငါ့အသားနာရင် နင့်အဖေကိုအရှင်မထားဘူးနော် အေး"
YOU ARE READING
♡yoυ вelong тo мe//ЅUℕЅUℕ♡
Fanfictionမရီရတဲ့ဟာသတွေ ပြောတဲ့သူတွေကို သိပ်မုန်းတာပဲ ___ကိုကိုကလွဲလို့ပေါ့___ 26 feb 2022
