<3>

408 60 1
                                        

ကောင်လေးရဲ့ အပြုံးလေးတွေကို သိပ်သဘောကျသည်။

လူ‌ေတွပြောကျတဲ့ တစ်နေ့တာ ရှုခင်းမှာသိပ်လှပါတယ် ဆိုတဲ့ နေ၀င်ဆည်းဆာအလှဟာ ကျွန်တော့ အတွက်တော့ ကောင်လေး အပြုံးထက်လှသည်ဟု မထင်မှတ်ခဲ့ပါ။

ကောင်လေးက သိပ်ကို ဖြူစင်သည် သိပ်ကို ချစ်ဖို့ကောင်းသည် ပျောက်ကွယ်ဖို့ ကြောက်တဲ့အထဲမှာ ကျွန်တော့်အတွက် ကောင်လေးရဲ့ အပြုံးတွေက ထိပ်ဆုံးအမှတ်စဉ်အဖြစ် တည်ရှိနေပေသည်။

မရိုးသားပါဘူးလို့လဲ ခေါင်းစဉ်မတပ်ချင်ပါ ကောင်ငယ်လေးက အရမ်းဖြူစင်လို့ အရောင်မဆိုးချင်ပါ မဆိုးချင်တာထက် မဆိုးရက်တာခက်သည်။သူ့အပေါ် ငယ်ငယ်ထဲက ကိုကို ကိုကို နဲ့ အနားမှာရှိနေတဲ့ ကလေးငယ်ကို ဖွင့်ပြောလိုက်မှ အနားက ထွက်သွားမှာ သေမလောက်ကြောက်ပါသည်။

ပိုဆိုးတာက Soraကို ပိုမသိစေချင်ပါ ကလေးငယ်ရဲ့ ဖြူစင်တဲ့စကားတွေကို အရောင်ပါတယ်ဆိုပြီး စွပ်စွဲပြီးပြောဆိုတာ မခံချင်။ကိုယ့်ဘက်ကသာ တစ်ဖက်သက်စွဲလမ်းမည်  ကလေးငယ်အပေါ် ဘယ်သူ့ဆီကမှ တစ်စိုးတစ်စတောင် နှိမ်တဲ့ အကြည့်မျိုးနဲ့ ကြည့်မှာ မခံစေချင်ပါ။
.
.
.
.
.
"အန်တီ ဆောနူ သက်သာပြီလားဟင်"

"ညနေထဲက ခြံပြင်မှာထွက်စောင့်နေတာ အဖျားသက်သာခါစ ရှိသေးလို့ လေစိမ်းအထိမခံပါနဲ့ ဆိုကာမှ ကိုကိုက မအိပ်ပဲ စောင့်နေပါဆိုလို့ အခန်းထဲမှာ စောင့်ရင် အိပ်ပျော်သွားမှာစိုးလို့တဲ့ မင်းညီလေးကတော့ မင်းကို သ်ပ်ခင်တာပဲကွယ် သွားကြည့်လိုက်အုံး‌ေနာ်အခန်းထဲမှာ ရှိတယ် "

"ဟုတ်ကဲ့အန်တီ"

"ဆောနူ ဆောနူလေး ကိုကိုလာပြီ "

"ဟင်"

ကလေးငယ်ရဲ့ လက် မှာဆေးတွေ ဟုတ်တယ် အိပ်ဆေးတွေ မဟုတ်ဘူး မဟုတ်ဘူး ဆောနူလေးရယ် ဘာတွေလုပ်နေတာလဲကွာ။

"အန်တီရေ family doctorခေါ်ပေးပါအုံး ဒီမှာ ဆောနူ ဆောနူ မြန်မြန်လေး အန်တီ"

မဖြစ်ရဘူး ကလေးရယ် မဖြစ်ရဘူး ကလေးငယ်မျှော်နေမှာသိရက်နဲ့ မေ့နေတဲ့ ဒီက အကောင်ပဲ အပြစ်ခံသင့်တာလေ ကလေးရယ် ဘာတွေလျှောက်လုပ်ထားတာလဲကွာ။
.
.
.
.
.
"‌ခနနေရင် သက်သာသွားပါမယ်ဗျ ဆောနူလေးက pressureအရမ်း ပိနေပုံပဲ စိတ်ဖိစီးမှုအရမ်းများနေတယ် နဲနဲ ဂရုစိုက်လိုက်ပါနော်"

♡yoυ вelong тo мe//ЅUℕЅUℕ♡Where stories live. Discover now