"ဆောနူလေးရေ ကိုကိုလာပြီ"
ကိုကို့အသံကြားတာနဲ့ ခုတင်ပေါ်ကနေ အိပ်နေရင်း မြန်မြန်သာ ငုတ်တုတ်လေးထိုင်လိုက်သည်။ကိုကိုက ညနေလာမယ်လာပြောပြီး သူ့ကိုမအိပ်ဖို့ မှာသွားခဲ့တယ်မလား ။
ကိုကိုမလာတော့လို့ ကိုယ့်ကိုယ်ကို နှိပ်ဆက်ရင်း ဘယ်ကထဲက ၀ယ်ထားမိတဲ့ အိပ်ဆေးတွေကို ပါးစပ်ထဲထည့်ထားလိုက်ရင်း အတွေး ကမ္ဘာထဲ မျှောသွားခဲ့သည်။
ကိုကိုရောက်ရင် ဆူတော့မှာ အသေအချာပင်။မတတ်နိုင်ဘူး ကိုကိုရယ် ကိုကိုဆောနူ့ဘေးနားမရှိတဲ့ အတောအတွင်းမှာ ကိုကို့ရဲ့ ပုံတူ ကိုယ်ပွားလေးကို အိပ်မက် ထဲ ဆြဲဆွဲ သွင်းမိတယ် ကိုကိုရယ် အဲ့အတွက်ကြောင့် အိပ်မက် ထဲမှာတော့ ဆောနူပျော်တယ် အိပ်မက်တွေထဲက နိုးမထချင်တဲ့ အကြောင်းေတွထဲမှာ ကိုကိုက ထိပ်ဆုံးကဖြစ်ခဲ့တယ်။
"သက်သာလာပြီလား ဆောနူ ဘယ်လိုနေသေးလဲ ကိုကိုမလာတော့မှန်းသိရင် အိမ်ထဲ ပြန်၀င်နေမှပေါ့ ဆောနူလေးရယ် ကိုကို့ကို လူဆိုးလုပ်ခိုင်းနေတာလား"
ကတိပျက်ခဲ့တဲ့ ကိုကိုက လူဆိုးလေးမဟုတ်ဘူးလားလို့ ပြန်မေးလိုက်ချင်ပေမဲ့ လာမယ် အထင်နဲ့ မျှော်နေမိတဲ့ ကိုယ့်ကိုသာ လူဆိုးလေးဖြစ်အောင် ပြောနေသော ကိုကို့ကို စိတ်ထဲကနေတော့ တိတ်တိတ် ကလေးကြိတ်ရီမိသည်။ ကိုကိုဟာ လူဆိုးလေးပါလား။
အတွေးတွေ အဆုံးမှာ ခေါင်းလေးမသိမသာခါရင်း
"ဆောနူစောင့်နေပါသေးတယ် ကိုကို ခုတောင် အိပ်နေရာက ကိုကိုလာရင်မအိပ်ရဘူးဆိုလို့ ထလာတာကိုကို"
ချစ်ရသည်။ ခုလိုဖြူစင်တဲ့ကလေးကို မြတ်မြတ်နိုးနိုးနဲ့ကို ချစ်ရသည်။လျှို့ဝှက်ချက်တွေမရှိတဲ့ ရိုးသားလွန်းတဲ့ ကလေးငယ်ကိုမှ မရိုးသားနိုင်သည့် ကိုယ့်ကိုယ်ကိုလဲ ယူကြုံးမရဖြစ်ရပါသည်။
"နောက်ဆို အဲ့လိုတွေ လျှောက် မလုပ်ရဘူးနော် ကိုကို့ဆောနူလေး နောက်တစ်ခါဖြစ်ရင် ကိုကိုစိတ်ဆိုးမှာ "
"ကိုကိုက စိတ်ပူတာလား"
"ဘယ်လိုပြောလိုက်တာလဲ ညနေထဲက ကိုကို Soraနဲ့ လိုက်သွားမိလို့ ပြောထားမိတာမေ့သွားတာ သတိရတော့ 7နာရီထိုးနေပြီ ကိုကို အပြေးလာသေးတယ်သိလား လမ်းမှာမှ ဆောနူ မေ့လဲတာ အန်တီဆီက ဖုန်းရတာ နောက်တစ်ခါ အဲ့လိုမျိုးတွေ ထပ်မလုပ်တော့ပါဘူးလို့ ကိုကို့ကို ကတိပေး"
YOU ARE READING
♡yoυ вelong тo мe//ЅUℕЅUℕ♡
Fanfictionမရီရတဲ့ဟာသတွေ ပြောတဲ့သူတွေကို သိပ်မုန်းတာပဲ ___ကိုကိုကလွဲလို့ပေါ့___ 26 feb 2022
