"ထယ်ယောင်း မင်းမလဲ, လက်ထပ်တာကရုတ်တရက်ကြီးပါလား ဘယ်လိုဖြစ်ရတာလဲ"
"ဒီလိုပဲဖြစ်သွားတယ်၊ မင်းလဲပျော်တယ်မဟုတ်လား"
"ငါက? ဘာလို့ ငါကပျော်ရမှာတုန်း သတို့သားလဲမဟုတ်ပဲ"
"ဆွန်းလီနဲ့ငါ့ကိုသဘောတူခဲ့တာ မင်းထိပ်ဆုံးကလေ"
"ဒါကတော့ မင်းအတွက်အသင့်တော်ဆုံးဖြစ်မယ်ထင်ခဲ့လို့ပါ"
"ယူရှင်း..."
ပြောလေဆိုသည့်သဘောဖြင့် ခေါင်းငြိမ့်ပြသည်။ ရင်ဘတ်ကိုထုထုပြီးငိုပစ်လိုက်ချင်ပေမယ့် မတတ်သာခဲ့တဲ့အခြေအနေမှာ လွယ်လင့်တကူ ငိုကြွေးဖို့တောင်မဖြစ်နိုင်။
"ငါလေ...."
"....."
"ငါသူနဲ့တကယ်ဝေးပြီလား"
"....."
"ငါတို့မဖြစ်နိုင်ကြတော့ဘူးလား"
အားလျော့စွာဖွင့်ဟလာသည့် ထယ်ယောင်း၏စကားသံတိုးတိုးကြောင့် ယူရှင်းစိတ်မကောင်းဖြစ်မိသည်။ ပခုံးတစ်ဖက်ကိုအသာဆုပ်ကိုင်ရင်း အားပေးတဲ့သဘောဖြင့် တဆတ်တဆတ်ပုတ်ပေးနေသည်။ ခုလိုအချိန်မှာ ဘယ်လိုစကားမျိုးကမှ ထယ်ယောင်းအတွက်နှစ်သိမ့်ရာရောက်မည်မဟုတ်။ တစ်ခါတရံ ငြိမ်သက်စွာနားထောင်ပေးလိုက်ခြင်းက အရာမရောက်တဲ့ နှစ်သိမ့်စကားတွေထက်ပို၍သင့်တော်ပါတယ်။
ရှေ့မှာမြင်နေရသည်က ဆွန်းလီရဲ့ဂါဝန်အနားစ။ ဟုတ်ပါတယ် အောက်သို့တစ်ချိန်လုံးစိုက်ကြည့်နေခဲ့တာ။ လက်နှစ်ဖက်ကိုအရှေ့ဖက်သို ယှက်ထားရင်း ခရုလက်ပတ်လေးကိုတစ်ချိန်လုံးထိတွေ့နေသည်။
ဇာပုဝါအောက်မှ ကော့စင်းနေသောမျက်တောင်ဖျားလေးဖြင့်ကာရန်ထားသည့်မျက်ဝန်းဟာ သတို့သား၏လက်ကောက်ဝတ်ဆီသို့အကြည့်ရောက်ခဲ့လေ၏။ နာကျင်စွာ တစ်ချက်ပြုံးမိပြန်သည်။ ဂျွန်ဂျောင်ဂုဆိုတဲ့လူဟာ အနားမှာရှိမနေတာတောင်မှ သူမ,အား အကြိမ်ကြိမ်အခါခါအနိုင်ပိုင်းနေခဲ့ပြီ။ သက်မဲ့အရာပစ္စည်းလေးတစ်ခုလောက်တောင်မှ အကိုထယ်ယောင်းရဲ့စိတ်ဝင်စားခြင်းကိုမခံရတဲ့သူမ,အဖို့ အရှုံးတွေကိုပွေ့ပိုက်ဖို့သာကျန်တော့လေပြီ။
YOU ARE READING
THE FIRST TIME WE MET🌊 [COMPLETED]
AT WEDDING DAY_[ Taehyung's POV]
Start from the beginning