Unicode
Flashback_
ဂျောင်ဂုနှင့်စားသောက်ဆိုင်မှာတွေ့ဆုံခဲ့အပြီး ပြည့်ကျပ်သိပ်နေသောအတွေးပေါင်းများစွာဖြင့်အိမ်ပြန်လာခဲ့သည်။ ချစ်ရသူနဲ့အတူလက်တွဲနိုင်တော့မည့်အရေးမှာ ဘယ်သူကတော့မပျော်ပဲရှိလေပါ့မလဲ။ သို့သော် ထင်သလောက်ခရီးပေါက်ဖို့ရာအတွက်ခဲယဉ်းလွန်းလှသည့်နှစ်ဦးသားရဲ့အချစ်ရေးအားတွေးပူနေမိ၏။ လတ်တလော မျက်နှာလေးရွှင်နေသည့်ဂျောင်ဂုကိုစဥ်းစားမိတော့ ဘယ်လိုအရာတွေပင်ကြုံလာပါစေ သူတစ်ယောက်တည်းရဲ့မျက်နှာကိုပဲကြည့်ပေးချင်မိပြန်ပါတယ်။ အစမကောင်းခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဟာ အဆုံးသတ်လေးမှာ,လှရင်တော့ဖြင့်အနည်းဆုံးကြည့်လို့ကောင်းမယ်ထင်ပါရဲ့။အပြင်ကပြန်လာတဲ့အဝတ်အစားတွေကိုမလဲပဲ ဆိုဖာပေါ်မှာပက်လက်ကြီးလှဲနေမိသည်မှာနာရီဝက်ပင်ပြည့်တော့မည်။ မအိပ်ပဲကြာကြာလှဲနေပါကခေါင်းမူးတတ်သည့်အကျင့်ရှိတာမလို့ အတင်းကုန်းရုန်းထပြီးရေချိုးရန်ပြင်ဆင်တော့သည်။ အပေါ်ထပ်လေးချွတ်ယုံရှိသေး ဖုန်းသံမြည်လာသည်မလို့ ဧည့်ခန်းထဲသို့တစ်ဖန်ပြေးထွက်လာရ၏။
"ဟင် ဖေဖေ.."
ကျောင်းဆရာဘဝမှအနားယူပြီးဖြစ်သော ဖခင်ဟာ မိဘမဲ့ဂေဟာတစ်ခုရဲ့ပညာဒါနကျောင်းအုပ်အဖြစ်လုပ်ကိုင်လျက်ရှိသည်။ ကလေးတွေကိုစာသင်ရသည့်အချိန်များဆိုလျှင် အတောက်ပဆုံးပြုံးနေတတ်သည့်ဖေဖေရဲ့အပြုံးတွေကိုလွမ်းမိသည်။
"ဟယ်လို...ဖေဖေ"
"သားငယ်.."
အနည်းငယ်ဖျော့တော့နေသည့်အသံက သူ့ရင်အားပူလောင်သွားစေသည်။ ဘာလို့များလဲ။ ဖေဖေနေမကောင်းတာလား ဒါမှမဟုတ် မေမေတစ်ခုခုဖြစ်လို့လား။
ရှုပ်ထွေးလာသည့်အတွေးတွေအားလျစ်လျူရှုပြီး_"သားကိုပြောစရာရှိလို့လား"
လေလှိုင်းထဲကနေတောင်ထိုးဖောက်ပြီးဝင်ရောက်လာသည့် ဖေဖေရဲ့သက်ပြင်းချသံဟာ နီးကပ်နေသယောင်ပင်ထင်ရ၏။ တံထွေးတစ်ချက်မျိုချမိသည်။ ကျေးဇူးပြုပြီးမိဘနှစ်ပါးဘေးကင်းပါစေ။
"သား မေမေ...မူးလဲလို့"
"ဗျာ!"
ခေါင်းတွေချာချာလည်ကုန်သည်။ အမြဲတမ်းဒေါင်ဒေါင်မြည်အောင်ကျန်းမာနေခဲ့သည့်မေမေကဘယ်လိုဖြစ်ပြီးမူးလဲသွားရတာလဲ။
YOU ARE READING
THE FIRST TIME WE MET🌊 [COMPLETED]