Part. 22 🌊

2.4K 227 57
                                    

Unicode

"ဟယ်"

မင်ဟီး၏ဖုန်းထံသို့ပေးပို့ခြင်းခံရသောအရာတစ်ခုကြောင့်အံ့ဩသွားမိသည်။ online ပေါ်မှတစ်ဆင့်ဖိတ်ကြားလာသည့်မင်္ဂလာပွဲသို့တတ်ရောက်ရန်ထိမ်းမြားခြင်းဖိတ်စာတစ်စောင်။

သတို့သား ကင်မ်ထယ်ယောင်း နဲ့ သတို့သမီးဘတ်ဆွန်းလီ။
ဘာတွေဖြစ်ကုန်တာလဲ။ ဒီကိစ္စကို ဂျပန်မှာရှိနေတဲ့ကိုငယ်ဟာသိပုံမရ။ ဒုက္ခပဲ...အားလုံးခံစားရရှာတော့မည်။
နေ့စွဲကိုကြည့်မိတော့ သဘက်ခါတဲ့။ ဘာလို့အာ့သလောက်ထိမြန်ရတာလဲ။ တစ်ယောက်တည်း ဟိုဟိုဒီဒီလျှောက်တွေးနေစဉ် တဒီးဒီးတုန်ခါလာသော ဖုန်းကိုယ်ထည်ကြောင့်ငုံ့ကြည့်လိုက်ပါလျှင်...

ဆွန်းလီ။

"ဟယ်လို"

"ဟယ်လို...အမမင်ဟီး၊ ညီမပို့တဲ့ဖိတ်စာရောက်လားဟင်"

"ရောက်...ရောက်ပါတယ်ကွယ်"

နှစ်ဦးသားကြားတွင်စိမ်းသက်သောလေထုက စက္ကန့်အနည်းငယ်ကြာ, ဝင်၍နေရာယူ၏။ ညီမလေးတစ်‌ယောက်လိုချစ်ခဲ့တာမို့ တစ်ဖက်သတ်ခံစားချက်တွေဖြင့်နာကျင်ခံစားရမည်ကိုတွေးပူပြီး ဒီလမ်းကိုဆက်မလျှောက်ရန်သူမ, အတတ်နိုင်ဆုံးဖြောင်းဖျခဲ့သည်။

ဆရာတို့ချစ်သူနှစ်ဦးကိုပေါင်းဖက်စေချင်ခဲ့တာဟာ စိတ်ရင်းအမှန်ဖြစ်ပြီး ညီမလေးဆွန်းလီကိုပျော်ရွှင်စေချင်တာဟာလဲ ငြင်းဆိုဖွယ်ရာမရှိတဲ့အမှန်တရားတစ်ခု။ ဂျူနီယာဘဝ houseစဆင်းတည်းက အင်မတန်ချစ်ဖို့ကောင်းသည့်ကလေးမလေးဟာ ချစ်ခြင်းမေတ္တာအစစ်အမှန်တွေနဲ့သာထိုက်တန်ပါတယ်။

"ဆရာကရော လက်ခံတာလား"

"........"

"အာ...ဆောရီးပါ ညီမ‌လေး အမဒီလိုမေးခွန်းမျိုး.."

"သေချာပေါက်လက်မခံပါဘူး အမ"

"ဟင်"

သူမစကားကိုဖြတ်၍ဝင်ပြောလာသည့် ဆွန်းလီကြောင့်စကားလုံးများပျောက်ရှကုန်သည်။ အနည်းဆုံးတော့ ဆရာထယ်ယောင်းနဲ့နှစ်ဦးသဘောတူလက်ခံခဲ့ကြသည်ဟုထင်ထားခဲ့တာ။ သနားဖို့ကောင်းလိုက်တဲ့ ငါ့ညီမလေးရယ်...။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now