ရှုပေါ်စုက ကျန်းရှုနဲ့ နီးသထက် နီးအောင် ကပ်လာတယ်။

" ကျွန်တော် မသိချင်ပါဘူး ''

ကျန်းရှုက တားမြစ်လိုက်တယ်။

" ကျေးဇူးပြုပြီး လူကြီးလူကောင်း ပဲဆက်ဆန်ပေးပါဗျာ။ မပြောင်းလဲ လိုက်ပါနဲ့ ''

" ဒီနေ့လို မျိုးနောက်မဖြစ် စေရတော့ပါဘူးကွာ ''

ရှုပေါ်စုက မျက်လွှာလေး ချကာ ကတိပေးလိုက်တယ်။ သူ့အသံတိုးတိုးလေးက ကျန်းရှုနားထဲ ဝင်လာတာကြောင့် ကျန်းရှု ခမျာ ကြက်သီးတွေတောင် ထကုန်လေရဲ့။

ဒီမျိုးမစစ် ရဲ့အသံကတော့ အသံသရုပ်ဆောင် ထဲက ဇာတ်ဆောင်နဲ့တောင် ယှဥ်နိုင်လေတယ်။ ကိုယ့်ညီမကို ပြ​န်စနောက်တဲ့ စောက်ကျင့် မကောင်းတဲ့ ကောင်လိုမျိုးပေါ့။

အမ်း ကြွပ်ရွနေတာပဲ။

အချင်းချင်း စကားပြော ပြီးနောက် ကျန်းရှု ကအရင်ဆုံး အိပ်ပျော်သွား တော့တယ်။ တစ်ခါ တစ်လေ ဟောက်သံသေးသေးလေးတောင် ထွက်နေတက်သေးတာ။

ဒီခံစားချက်တွေ ကိုနှစ်သက်တဲ့ မစ္စတာရှုက သူ့မျက်နှာကို စတော်ဘယ်ရီ လေးရဲ့ လည်ပင်း မှာနစ်မြုပ်ထားကာ ဟောက်သံ သေးသေးလေး ကိုနားထောင်ရင်း အိပ်ပျော်သွား တော့တယ်။

..............

နောက်နေ့ မနက်ခင်း ကတော့ နေမြင့်နေခဲ့ပါပြီ။

နွေရာသီအားလပ်ရက် ရတဲ့ စီနီယာ ကြီးကတော့ အိပ်ယာပေါ် မှာလှဲလျောင်းနေဆဲပါပဲ။ ဒီနေ့လည်း ရုံးပိတ်တဲ့ ရှုပေါ်စုက မနက်စောစောထကာ ဆန်ပြုတ်တစ်အိုး တည်ထားလေတယ်။ သူက အိပ်ခန်းထဲကို အချက်အလက် တွေယူပြီးတော့ လေ့လာနေကာ အိပ်ပျော်နေဆဲ လူသားလေးကို အဖော်ပြုပေး နေခဲ့ပါတယ်။

မနက်ခင်း ကတည်းက ၁ မျက်နှာ ၂ မျက်နှာပဲ ဖက်ရသေးတဲ့ ရှုပေါ်စု ခမျာ အခုထိ ထိုထဲကို စိတ်နှစ်လို့ မရသေးပါဘူး ။ သူက အချိန်အနည်းငယ်လောက် ကြာတိုင်း အိပ်ယာပေါ်က ကောင်လေးကို တစ်ချက် လှမ်းပြီး ကြည့်တက်လေတယ်။

လူငယ်လေး နိုးလာရင်လည်း အဲ့ပါးပြင်လေးတွေက ရှက်သွေးဖြာနေလောက်လား?

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now