အပိုင်း ၆၂

Start from the beginning
                                    

" သွေး သွေး လူကြီး ! "

" ဘာမှာလဲ ! ကိုယ်ကိုပြ ပြ "

ကလေးငယ်၏စကားကိုကြားလိုက်ချိန် ရင်ထိတ်ရလေသည်။ ကလေးငယ်အား သေချာဂရုစိုက်နေလျက်နှင့်

" ကျွန်တော်မဟုတ်ဘူး "

" ဟင် ! "

" လူကြီးနှာခေါင်းမှာ သွေး "

ကလေးငယ်၏သတိပေးစကားကြောင့် မျက်နှာကို အလျင်အမြန်မော့လိုက်ရသည်။ ပူနွေးနေသောသွေးအချို့သည် ကိုယ်တွင်းအပူရှိန်တို့ကြောင့် အပြင်သို့ စီးကျလာခြင်းဖြစ်၏။ ဗိုက်ပူလေးနှင့်ကောက်ကြောင်းအလှသည် ဒေါင်းမာန်အား ရင်ခုန်နှုန်းတို့မြန်စေရုံသာမက နှာခေါင်းသွေးတို့ပါ လျှံကျလာစေသည့်အထိ လှပနေပေသည်။

09:18 pm ကိုဖော်ပြနေသော စားပွဲတင်နာရီငယ်ကိုတစ်လှည့် လက်(ပ်)တော့ထဲ ခေါင်းဝင်မတတ်အာရုံစိုက်နေသူကို တစ်လှည့် ထိုင်ကြည်နေမိ သည်။ ဘေးမှာ လူတစ်ယောက်လုံးရှိသည်ကိုပင် ထိုလက်(ပ်)တော့ကိုသာ အလေးပေးနေသောလူကြီးကို နားမလည်ပေးချင်မိတော့။

" လူကြီး "

" အင်း "

" လူကြီး... "

" ပြောလေ၊ ကိုယ် နားထောင်နေတယ် "

စကားပြန်ပြောနေသော်လည်း အကြည့်တို့မှာအလည်မလာခဲ့။

" ယောကျာ်း..."

ချိုအီနေသောအသံလေးနှင့်အတူ မထင်မှတ်ထားသော အသုံးနှုန်းလေးကြောင့် ကြည်လက်စလက်(ပ်)တော့ဖန်သားပြင်ထက်ပင် ကလေးငယ် ၏မျက်နှာလေးလှလှလေးမှာ ချက်ချင်း ပေါ်လာသယောင်။

" ဘယ်လို့ခေါ်လိုက်တာ။ ပြန်ခေါ်ပါအုန်း "

ပြုံးရွှင်နေသော မျက်နှာနှင့်လူကြီးသည် ချစ်စရာကောင်းပေသည်။

" ယောကျာ်းလို့။ လူကြီးက ကျွန်တော်ယောက်ျား ကျွန်တော်ကလေးရဲ့အဖေမို့ ယောက်ျားလို့ ခေါ်တာလေ။ ဘယ်လို့ဖြစ်လို့ အရမ်းအံ့သြရတာတုန်း "

" ကိုယ် ထပ်ကြားချင်သေးတယ်။ ထပ်ခေါ်ပေးအုန်း "

" ယောကျာ်း "

" အင်း "

အပြုံးကြီးချိတ်ဆွဲထားသော မျက်နှာဘေးနှင့်လူကြီးကိုကြည့်လျက် ကိုယ်၌သည်လည်းလိုက်ပြုံးမိသည်။ ထပ်ခေါ်မည်ကို စောင့်နေဟန်ရှိသေး၍

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now