Chapter (16.2)

En başından başla
                                    

" ဒါပေမယ့် မင်းအရင်ဆုံး ကြိုးစားကြည့်လေ။ ကိုယ်က မင်းလုပ်တဲ့အတိုင်း နေရာလိုက် စီမယ်လေ။ ''

ရေခဲမုန့်စားနေတဲ့ ရှောင်ကျန်းကတော့ အတော်လေးကို စိတ်ညစ်သွားလေတယ်။ ဒါကြောင့် ရှုပေါ်စု ကို လျစ်လျူ ရှုပြစ်လိုက်ကာ ရေခဲမုန့်ကို တစ်ဝက်တိတိ ကိုက်ချ ပလိုက်တယ်။ ပြီးတော့ ဘေးနား အိပ်ခန်း က လက်ဆွဲအိတ်ကို ယူကာ အပြင်ကို ပြန်ထွက်လာ တော့ အိပ်ခန်းထဲက လေအေးပေးစက် ကိုပိတ်ခဲ့လိုက်တယ်။ ဒါပေမယ့် အိပ်ခန်းနဲ့ စာကြည့်ခန်း က အခန်းတစ်ခု ထဲကိုပဲ ကန့်ထားတာ ဖြစ်တဲ့အတွက် ကြောင့် နှစ်ခန်းစလုံးက လေအေးပေးစက်တွေက လျပ်စစ် တစ်ကြိုးထဲပဲ ရှိနေလေတယ်။ သူက လေကာရဲ့ တစ်ဖက်မှာ ချထားတဲ့ ထိုင်ခုံပေါ်ကို အိတ်တင်ကာ အထဲက ပစ္စည်း ကိုခုံပေါ် တင်လိုက် ပြီး လက်တော့ကို ဖွင့်ပြီး အင်တာနက် ချိန်ဖို့ရာ ကြိုးစားလိုက်တော့တယ်။

သူက ကွန်ပျုတာ ကိုဖွင့် ပြီးတဲ့အချိန်မှာ ကျောက်စိမ်း လို လက်ချောင်း သွယ်သွယ်လေး တွေရှိတဲ့ လက်မောင်း တစ်စုံ က သူ့နောက်ကနေ ထွက်လာကာ ကီးဘုတ်တွေပေါ် ပြေးလွှားပြီး အင်တာနက် ချိတ်ဖို့ ကူညီပေးလိုက် တော့တယ်။

" ကစားနှင့်။ ကိုယ်အလုပ် ရှုပ်နေလို့ ''

ရှုပေါ်စု က ပြောကာ ကျန်းရှုရဲ့ ပခုံးတွေကို ပုတ်သွားလိုက်လေတယ်။ နောက်တော့ တစ်ခြား တစ်ဖက် မှာထိုင်ကာ ပစ္စည်း တွေ အများကြီး ကို တပ်ဆင်နေလေတယ်။ ကျန်းရှု ကလည်း သိချင်စိတ် အပြည့်နဲ့ လှမ်းကြည့်နေလေတယ်။ သူ့အတွက်တော့ ကောင်းကင်ကပစ္စည်းတွေကို တပ်ဆင်နေရ သလိုမျိုးပဲ ဘာတစ်ခု မှနားမလည်လေဘူး။ ဒါပေမယ့် ရှုပေါ်စု က တော့ တက်ကြွစွာ လုပ်နေပြီး ရံဖန်ရံခါဆို စာရွက်ပေါ့မှာ ချရေးနေလေတယ်။

သူ့ကို ကြည့်ရတာ အရမ်း ဆရာကျတာပဲ.... ။

သူ့ကို အနှောင့်အယှက် ပေးဖို့ စီစဥ် ထားတဲ့ ကျန်းရှု က သူ့ရဲ့မသိစိတ်ကနေ ပြီးတော့ သွားမလုပ်အောင်တားနေလေတယ်။ ဘေးက တစ်ယောက် ရဲ့တိတ်ဆိတ် နေမှုကို ရှုပေါ်စု တစ်ယောက် လေ့လာမိတဲ့ အခါမှာတော့ သူပြုံးလိုက်မိတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Hikayelerin yaşadığı yer. Şimdi keşfedin