" ဒီနေ့လိုက် ပို့တဲ့ အဲ့ ဒရိုင်ဘာ ကို ဒီနေရာဆီ တိုက်ရိုက် ပို့ပေးဖို့ မပြောခဲ့ဘူးလား? "

" ဟုတ်တယ် ။ ကျောင်းကို ပို့ဖို့ပဲ ပြောခဲ့တာ ''

ကျန်းရှုက ပါးစပ်လေး ဟကာ ပြန်ဖြေလိုက် တယ်။ သူ့ပါးစပ် လေးထဲမှာတော့ စားပြီးသား သလဲစေ့တွေ ပြည့်နေလေတယ်။ ရှုပေါ်စု က သူ့လက်ဖဝါး ကိုဆန့်ထုတ် ပေးကာ ကျန်းရှုရဲ့ အရှေ့ကို တိုးပေးလိုက်တယ်။

" ကိုယ့်လက်ထဲကို ထွေးထုတ်လိုက် ''

အစေ့တွေကို ထွေးထုတ်ဖို့ နေရာလိုက် ရှာနေတဲ့ ကျန်းရှုက သူ့ကို တစ်ချက် ကြည့်ကာ ဘာမှ တစ်ခြား ကိန်းကြီးခန်းကြီးတွေ လုပ်မနေတော့ပဲ ထိုလူ့လက်ထဲကို အစေ့တွေ ထွေးထုတ်လိုက် တော့တယ်။

ဘယ်သူ က သူ့ကို အိပ်ယာထဲမှာပဲ နေဖို့ပြောတာလဲ ဟမ့်!

" ခများက လူတိုင်း အပေါ် ကို ဒီလိုမျိုး ကောင်းတာပဲလား? "

ကျန်းရှုက မေးလိုက် တယ်။

" မင်းလေးက ဘာကိုပြောချင်နေတာ လဲ? "

ရှုပေါ်စုက ကျန်းရှုကို သနားစရာ မျက်လုံးလေး တွေနဲ့ ကြည့်လိုက်တယ်။

" ကျွန်တော် က ဘယ်လိုလုပ် သိမှာတဲ့လဲ? "

ကျန်းရှုက ငါးဆားနယ် တစ်ကောင် လိုအိပ်ယာ ပေါ်ကို ပြန်လှဲကာ ဇာတ်ကား ကိုပဲ ပြန်ကြည့် နေလေတယ်။

ရှုပေါ်စု ရဲ့ အမြင်မှာတော့ ကျန်းရှု ရဲ့ပုံစံလေးက ချောမော သထက်ကို ပိုချောလာတယ် ။ သူ့ရဲ့ မျက်တောင်  လေးတွေက ရှည်လျား နေပြီးတော့ မဲမှောင် နေလေတယ်။ သူ့ရဲ့ နှာခေါင်း လေးကလည်း ကွေးသွားကာ သူ့ရဲ့ ရုပ်ရည် ကလည်း သာမန် မိန်းကလေး တွေ ထက်ကို ပိုကြည့် ကောင်း လေတယ် ။

ရှုပေါ်စု က မထိန်းနိုင် တော့ပဲ အခုချက်ချင်း ကို ကျန်းရှုရဲ့ မျက်ခွံလေးတွေကို ပိတ်သွားအောင် ဖိနမ်းလိုက်တယ်။ ပြီးတော့ ကျန်းရှု လေးဟာ လူပျိုပေါက် တစ်ယောက် ရဲ့ အသားအရည်မျိုး မရှိပဲ ချောမွေ့နူးညံ့ကာ  ကလေး တစ်ယောက် ရဲ့ အသားအရည် မျိုးရှိတယ် ဆိုတာကို သူခံစားမိ လိုက်တယ်။ ဒါပေမယ့် ရှုပေါ်စု ဟာ သူ့ကျန်းရှုလေး က မိန်းကလေး တစ်ယောက် မဟုတ် မှန်းကို ရှင်းရှင်းလင်းလင်း သိလေတယ်။ ဒါပေမယ့် ကျန်းရှုရဲ့ လိင်အမျိုးအစားကို ခွဲခြား ဆန်းစစ် ကြည့်ရင်လည်း မိန်းကလေး လိုမျိုး က ပါနေတော့........။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now