အပိုင်း( ၆ ) မိဘတွေနဲ့တွေ့ခြင်း

719 89 16
                                    


[Unicode]

ဂျောင်ကုတစ်​​ယောက်ယောင်လည်လည်နဲ့ဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်နေသည်။အရင်ကဆိုရင်တော့တစ်ယောက်ထဲTVကြည့်လိုက် gameဆော့လိုက် အိပ်လိုက် မုန့်စားလိုက်နဲ့ပဲအချိန်ကုန်နေတာဆိုပေမဲ့အခုတော့သူရောက်နေတာကဆော့ဂျင်အိမ်ဖြစ်သည်။ခုနကပဲစားသောက်ပြီးလို့ဗိုက်တင်းနေတာ အိပ်ရအောင်လည်းမစားခင်ကမှအိပ်ယာထလာတာမဟုတ်လား ဂိမ်းဆော့ဖို့ပြန်တော့လည်းဆော့ဂျင်ကိုအားနာပြန်တာနဲ့ဟိုဟိုဒီဒီသာလိုက်ကြည့်နေတော့သည်။

ဆော့ဂျင်ကလည်းတက္ကသိုလ်နောက်နှစ်ဆုံးနှစ်ကျောင်းသားမို့အနည်းငယ်တော့အလုပ်များနေသည်။ဒါ​ကြောင့်ဂျောင်ကုကိုအချိုပွဲကျွေးပြီးသူကစာကြည့်ခန်းထဲကိုဝင်သွားသည်။

ဆော့ဂျင်ရဲ့အခန်းကိုဂျောင်ကုရောက်ဖူးတာပထမအကြိမ်မဟုတ်ပေမဲ့အခုမှအခန်းကိုသေချာကြည်ဖူးတာဖြစ်သည်။ပထမတစ်ခေါက်တုန်းကကြည့်လို့ကောင်းတဲ့အချိန်မှမဟုတ်ပဲ။ရှက်ပြီးပူထူနေတာနဲ့တင်ဘာမှန်းမသိခဲ့ရသည်လေ။သူ့နေရာနဲ့သူသပ်သပ်ရပ်ရပ်ရှိတဲ့ပစ္စည်းတွေ ဖုန်တစက်မှမရှိအောင်ပြောင်လဲ့နေတာတွေက ဆော့ဂျင်ရဲ့အဆင့်အတန်းကိုပြနေသယောင်တောင်ရှိသည်။ယောင်္ကျားလေးတစ်ယောက်ရဲ့အိမ်ဆိုတာ မခေါက်ရသေးတဲ့စောင်တွေ မဆေးရသေးတေဲ့ပန်းကန်တွေ ဂိမ်းစက်တန်းလန်းတွေ ရှုပ်ပွနေတဲ့စာကြည့်စားပွဲတွေသာရှိနေတတ်သည်မဟုတ်လား။ဆော့ဂျင်ရဲ့အိမ်ကတော့ဆန့်ကျင်ဘက်ဆန်စွာနဲ့ သန့်ရှင်းသပ်ရပ်လွန်းတာတစ်ဖက်ကမ်းရောက်နေရောပင်။အပြင်ဘက်ရှိဝရံတာလေးတစ်ခုကအိမ်နဲ့ဆက်စပ်နေပြီးအလယ်တွင်မှန်တံခါးခြားထားသည်။ဒီလိုအကျယ်အဝန်းအတိုင်းအတာမျိုးနဲ့ဆိုလူတစ်ယောက်ထဲနေဖို့ကကျယ်လွန်းသည်။မှန်တံခါးကိုဖွင့်ပြီးအပြင်ဘက်ထွက်သွားလိုက်တာနဲ့မြင်ကွင်းကရင်သပ်ရှုမောစရာပင်။မြို့လယ်ခေါင်ရဲ့အဆင့်မြင့်ကွန်ဒိုတစ်ခုဖြစ်တာကြောင့်viewကတော့ပြောစရာမလိုပေ။ဂျောင်ကုမှအသက်တောင်ရှုဖို့မေ့နေပြီးငေးနေမိသည်။ဆော့ဂျင်ကလူချမ်းသာအသိုင်းအဝိုင်းကလူဆိုတာသိပေမဲ့ဘယ်အတိုင်းအတာထိချမ်းသာလဲဆိုတာတော့အတိအကျမသိကြပေ။ဂျောင်ကုတောင်မှဆော့ဂျင်ရဲ့ချမ်းသာမှုကိုမမှန်းဆနိုင်တော့။ရုတ်တရပ်ဆိုသလိုအတွေးတစ်ခုဝင်လာသည်။

𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢  🅲︎🅷︎🅰︎🅼︎🅿︎🅰︎🅶︎🅽︎🅴︎  [𝗝𝗶𝗻𝗸𝗼𝗼𝗸]Where stories live. Discover now