အပိုင်း(၅) စီနီယာကိုကြိုက်နေပါပြီ

719 100 23
                                    

[Unicode]

"ဘာလို့သူနဲ့လိုက်နေမှာလဲ မရဘူး"

"ဘာလို့မရ ရမှာလဲ ငါကမကြာခင်သူ့ယောကျာ်းဖြစ်လာတော့မှာလေ"

"အနိုင့်ကျင့်နေရင် ဘယ်လိုလုပ်မလဲ"

"ငါကဘာလို့အနိုင်ကျင့်ရမှာလဲ ငါကရောဘာလို့ငါ့မိန်းမကိုတခြားသူနဲ့နေခိုင်းရမှာလဲ"

"ဘယ်သူကခင်ဗျားမိန်းမလဲ "

"ငါတို့ကမကြာခင်လက်ထပ်တော့မှာ အဲ့တော့သူကငါ့မိန်းမဖြစ်လာပြီး ငါကသူ့ယောကျာ်းဖြစ်လာမှာကွ"

"တော်ပါတော့ဟ မင်းမေ လမ်းလယ်ခေါင်ကြီးမှာဟ တဂယ်ပဲ"

ဂျောင်ကုဆော့ဂျင်ရဲ့ပြောစကားအရဆော့ဂျင်ရဲ့အိမ်ကိုလိုက်နေဖို့သဘောတူလိုက်သည်။ထို့ကြောင့်နမ်ဂျွန်းကိုဆော့ဂျင်နဲ့အတူလိုက်နေမည်ဖြစ်ကြောင်းပြောတဲ့အခါအခုလိုငြင်းခုံနေကြခြင်းဖြစ်သည်။အရပ်ရှည်ရှည်နဲ့ယောကျာ်းကြီးနှစ်ယောက်ကနောက်ယောကျာ်းလေးတစ်ယောက်ကိုလက်တစ်ယောက်တစ်ဖက်ဆီဆွဲထားပြီးလုနေကြသည့်မြင်ကွင်းဖြစ်သည်။တစ်ယောက်ကသူငယ်ချင်းဖြစ်ပြီးနောက်တစ်ယောက်ကတော့ယောကျာ်းဖြစ်လာမည့်သူပင်။ဘေးတွင်ဆရာဝန်ကုတ်ကိုဝတ်ဆင်ထားသည့်ခပ်သေးသေးကောင်လေးတစ်ယောက်ရှိသည်။

ဂျီမင်းတစ်ယောက်ဂျူတီကြောင့်အိပ်ရေးပျက်ကာခေါင်းအနည်းကိုက်နေသည်မို့ အခုဆိုရင်လူတောင်သတ်ချင်းစိတ်ပေါက်နေပြီဖြစ်သည်။ဘယ်နှယ့်တစ်ယောက်ကလည်းသူငယ်ချင်းကိုစိတ်မချဟုဆိုကာသူငယ်ချင်းဖြစ်သူကိုယောကျာ်းနဲ့မနေနိုင်ခိုင်း။နောက်တစ်ယောက်ကလည်းနဂိုကတည်းကသည်းကဲနေရာအခုတွင်ပိုဆိုးလို့နေပြီးဘာမှအထိခိုက်မခံနိုင်ဘူးဟုဆိုကာသူနဲ့အတူလိုက်နေခိုင်းသည်။အလယ်ကဂျောင်ကုခဗျာလည်းတစ်ယောက်ကငယ်သူငယ်ချင်းဖြစ်နေပြီးနောက်တစ်ယောက်ကလည်းကိုယ့်ကလေးရဲ့အဖေဖြစ်ပြန်တော့ဘယ်သူ့ကိုမှလည်းစိတ်မကောင်းမဖြစ်အောင်မလုပ်ချင်။ဂျီမင်းတော့နောက်ဆုံးနားတွေအရမ်းငြီးလာပြီမို့အနည်းငယ်ထအော်လိုက်သည်။ဟုတ်လည်းဟုတ်သည်။သူတို့ငြင်းခုန်နေကြသည်မှာတချက်တချက်အသံကျယ်လာတာမို့လို့ဘေးကလူတချို့ကကြားကြားသွားကာလှည့်လှည့်ကြည့်သည်လေ။

𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢  🅲︎🅷︎🅰︎🅼︎🅿︎🅰︎🅶︎🅽︎🅴︎  [𝗝𝗶𝗻𝗸𝗼𝗼𝗸]Waar verhalen tot leven komen. Ontdek het nu