"ဒယ်ရီရှိတယ်..ကြောက်ပု..ခစ်..ခစ်"

ရှေ့သွားကလေး နှစ်ချောင်းပေါ်အောင် ရယ်ပြတဲ့ ပေါက်စလေး။စက္ခမှာ အသည်းယားလွန်း၍ သနပ်ခါးတွေ ဖွေးနေတဲ့ ပါးဖောင်းလေးနှစ်ဖက်ကို နှာတံချွန်ချွန် နစ်ဝင်နေအောင် နမ်းပစ်လိုက်သည်။

"ယား..ဒယ်ရီ ကောင်းပူး..ပုတင်း ခါးခါးတွေ ပျက်တုန်ပါပြီ.."

"ပျက်တော့ ဘာဖြစ်လဲကွာ...ဒယ်ဒီပြန်လူးပေးမှာပေါ့"

"ဟင့်အင်း..ပါပါးယူးတာပဲ လှဒါ..ဒယ်ရီလူးနဲ့"

ဖင်လေးကို လုံးလုံးနဲ့ ပြောပြီး တံခါးလက်ကိုင်ကို မမှီမကမ်းနဲ့ ဖွင့်နေတဲ့ ပူတင်းလေးက တကယ်ကို
ချစ်စရာအကောင်ပေါက်လေးပါ။သူနဲ့ ကလေးရဲ့ ဘဝထဲကို ရောက်ရှိလာတဲ့ ဆုလာဘ်လေးတစ်ခုဆိုလည်း မမှားဘူး။

"ဟား..ဒီနေ့ ငါ့မြေးက စတိုင်အပြည့်နဲ့ပါလားဟေ့..ကြည့်ရတာ သားအဖတွေ ဒီနေ့ dateလုပ်ကြမလို့ထင်တယ်"

"ဟီး..ပုတင်းကို လှဒယ်ကြောလို့ အာဘွားယူ ဦးကျံ..မွမွ"

ထုံးစံအတိုင်း ထမင်းစားပွဲနားရောက်တာနဲ့ ဦးစံပေါင်ပေါ်ပြေးတက်ပြီး ပါးကိုဘယ်ညာနမ်း၍ ညာစားနေတဲ့ အကောင်ပေါက်ပါလေ။အဲ့ဒါ​ကြောင့်ပြောတာ လေညှင်းတို့အိမ်က ပူတင်းလေးထပ်ရောက်လာမှ ရယ်မောသံလေးတွေနဲ့ ပိုပြီးမြိုင်ဆိုင်သွားတော့တာ။

"ဒီနေ့ weddingတစ်ခု သွားစရာရှိနေလို့..ဦးစံ..အဲ့ဒါကြောင့် အစောကြီးထပြီး ပူတင်းနဲ့မောင့်ကို ပြင်ဆင်ပေးနေရတာ"

"အဲ့ဒါကြောင့်ကိုး..ဒီနေ့ သားအဖသုံးယောက်လုံး​က စတိုင်တမျိုးစီနဲ့ မိုက်နေကြတာ..ကဲကဲ..မနက်စာလေး စားပြီးမှသွားကြပေါ့"

မနက်စာစားပြီးတာနဲ့ wedding သွားဖို့ အချိန်လိုသေးတာကြောင့် သားသား ပူဆာတဲ့အတိုင်း မောင်က ကားကို မနက်စောစောလေး ရွှေတိဂုံ ဘုရားသို့ ဦးတည်မောင်းလိုက်သည်။ဘုရားကနေမှတဆင့်Wedddingသို့သွားမည် ဖြစ်သည်။

"သားသား..ဦးတော်လုပ်မယ်..လက်အုပ်လေးချီ.."

မောင်က ဘေးမှာ ဘုရားဦးချပြီးတော့ လမ်းကဝယ်လာတဲ့ ကြာပန်းတွေကို ဘုရားပန်းအိုးထဲ သွားထည့်ပြီး ရေသပ္ပါယ်နေသည်။

စေလိုရာစေ(Completed)Where stories live. Discover now