ကျန်းရှုက စကား ပြန်မပြောခင် ကျန်းချူနမ်ကို ကွမ်ယိရွှမ် က ပြောနေတဲ့အသံတွေ ဖုန်းထဲကနေ ဝေဝေဝါးဝါး ကြားနေ ရလေတယ်။

အခုဆို သူက လာတဲ့ လမ်းပေါ်တောင် ရောက်နေပြီလေ။ ဘာမှ ရှင်းပြစ ရာ တစ်ခုတောင် မရှိပေါင်။ ဒါကြောင့်မို့ လူငယ်လေးဟာ သူပြောစရာ မလိုမှန်း သိတာနဲ့ ဖုန်းကို ချကာ  ကားဆရာနဲ့ ဒီနှစ်တွေ အတွင်းမှာ တိုးတက်လာတဲ့ စီးပွားရေး တွေနဲ့ ကုန်ပစ္စည်းတွေ အကြောင်း ပြောနေခဲ့ကြတယ်လေ။

တစ်ဖက်မှာတော့ အခြေအနေက ဆိုးဝါး နေခဲ့ပါတယ်။

ဖုန်းအချခံ လိုက်ရတဲ့ ကျန်းချူနမ် ဟာ သူ့မိန်းမ ကို ကူကယ်ရာမဲ့ စွာပြော လိုက်တယ်။

" ဒီကောင်ဆိုးလေး ကတော့ ငါ့ကို ဖုန်းချသွား ပြန်ပြီ ''

ဒီနေ့ အတွက် အိမ်နေရင်း ရိုးရှင်းတဲ့ ဝတ်စုံလေးပဲ ဝတ်ထားတဲ့ ကွမ်ယုပိုင်က ပြုံးကာ ပြောခဲ့တယ် ။

" ဒါက ကလေးတွေ တစ်ခဏ စိတ်ကောက် နေတာပါ။ ရှင်သူ့ကို အရှုံးပေးပြီး တောင်းပန်ရ မယ်နော် ''

" ကိုယ်သိပါတယ် ''

ကျန်းချူနမ် က ခေါင်းငြိမ့်ပြ ကာ သဘောတူ လိုက် တယ်။

" အန်ကယ် နမ် ''

ကွမ်ယိရွှမ် က အေးစက်စွာ ပြောလိုက်တယ်။

" ခများ က ဘယ်တုံးကမှ သားဖြစ်သူ နဲ့ နီးစပ်ပြီး သားဖြစ်သူကို နားလည် အောင်လုပ်ဖို့ တစ်ခါမှ မကြိုးစားခဲ့ အစီအစဉ် မချ ခဲ့ဘူးမလား? "

ကျန်းချူနမ် က သူ့ရဲ့ မယားပါ သားဆီကနေ ရုတ်တရက် အမေးခံ လိုက်ရတဲ့ အခါ သူ့လောက် နီးနီး အရပ်ရှည်နေတဲ့ သူ့မိန်းမရဲ့ တစ်ဦး တည်းသော သားကို ကြည့်လိုက်တယ်။

ထိုအမျိုးသား လေးက အခုနှစ်ဆို ၂၀ ပြည့် ပြီးလို့ ၄ ၅ နှစ်လောက်တောင် စွန်းရောပေါ့။ ထိုအမျိုးသား လေးက အသက်ငယ်ငယ်လေး နဲ့ စီးပွားရေး စွန့်ဦး တီထွင်သူ တစ်ယောက် ဖြစ်လာခဲ့တယ်။ ငြိမ်သက်အေးဆေးပြီး လူတွေနဲ့ ထိတွေ့ရတာကို မနှစ်သက်လေဘူး။ ပြီးတော့ သူ့ရဲ့ ပတ်ပတ်လည် မှာ အေးစက်တဲ့ အရှိန်အဝါ ရှိပြီး ဖုန်တစ်စက်တောင် အတင်မခံတဲ့ လူမျိုးပဲ ဖြစ်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now