" တောင်းပန်ပါတယ် ။ ခဏလောက် သည်းခံလိုက် ''

ဒါပေမယ့် သူ့ဘေးက တစ်ယောက် က တွန်းလာတဲ့ အခါ ကျန်းရှုက မထိန်းနိုင်ပဲ ဝင်တိုက်မိသွားတယ်။

" ဒါကို ကိုယ်က စိတ်ထဲ မထားလောက် ဘူးလို့ မင်းလေးက ထင်နေတာလား? "

ရှုပေါ်စုက ခပ်နိမ့်နိမ့်လေး ပြုံးပြလေတယ်။

ကျန်းရှုဟာ သူ့ပါးစပ် ကိုသာ ပိတ်လိုက် တော့တယ်။ ဘာလို့လဲ ဆိုတော့ ရှုပေါ်စု ဟာ လိင်တူကြိုက်သူ တစ်ယောက် ဖြစ်တယ်လေ။ အရိုးသား ဆုံးဝန်ခံ ရရင် ရှုပေါ်စုရဲ့ ခံစားချက် တွေ ထုတ်ပြတဲ့ ပုံစံက သူနားလည် နိုင်ဖို့ အရမ်းဆိုးဝါး လေတယ်။ ပြီးတော့ သူတို့ လက်ထပ် ထားတဲ့ အကြောင်း အရင်း ကလည်း ပုံမှန် မဟုတ်တဲ့ လူတွေ အကြောင်း သိချင်လို့ ရှုပေါ်စု က သူ့ကို လက်ထပ် ခဲ့တာလို့ ထင်နေမိလို့လေ။

" ဟေး.....  ခများ...''

ကျန်းရှု က တုံ့ဆိုင်း သွားလေတယ်။

" ဟင်? "

ရှုပေါ်စု က သူ့စကား ကို နားထောင်ပေး ဖို့ သူ့ရဲ့ခေါင်း ကိုတောင် နိမ့်လာပေးတယ်။

ရုတ်တရက်ပဲ ကျန်းရှု မပြောချင်တော့ဘူး။ဒါကြောင့် သူပါးစပ်ထဲ ရှိရာ လျောက်ပြော လိုက််တယ်။

" ဘာမှ မဟုတ်ဘူး ။ ဒီလိုနေရင် သားအိမ်အကြောတွေ ထိခိုက်ဖို့ လွယ်ကူတယ်လို့။ ''

ရှုပေါ်စု: ''......''

ငါ့ဇနီးလေးက သူနာ နေတာကို ပြောချင်တာလား? !

.......

လူပြည့်နေတဲ့ မြေအောက် ရထားထဲ ကနေ  ထွက်သွားပြီးနောက် သူတို့ရဲ့ သေးငယ်တဲ့ တိုက်ခန်းလေး ဆီကို ပြန်ကြလေတယ်။ လမ်းဘေးမှာ ပျံကျ စျေးဆိုင်ဖွင့်ထားတဲ့ သစ်သီးဆိုင် ဦးလေးကြီးက လည်း သူ့နေရာလေးမှာ အခုထိ ရှိနေဆဲပဲ။

ကျန်းရှုက အခုဆို ထိုဦးလေးကြီး ဆိုင်က ဝယ်နေကြ ဖောက်သည်တောင် ဖြစ်နေပြီရယ်။

ဒီနေ့လည်း သူက ငှက်ပျောသီး တွေနဲ့ သလဲ သီးတွေကို ဝယ်ခဲ့လေတယ်။ သလဲသီးတွေ က အရမ်းကြီးပြီး နီရဲနေကာ ၂ လုံးမှ ၁၀ ယွမ်ပဲ ပေးရလေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now