Part🌼18(U)

569 34 2
                                    

"ဝင့်လွှာ နင့်ကားက အရမ်းမော်ဒယ်အောက်နေပြီ။အသစ်လေးဘာလေး လဲဖို့စိတ်ကူးမရှိတော့ဘူးလား.."

ဆေးရုံဝင်းထဲဝင်လာလို့ နှစ်ယောက်သားတွေ့ရုံရှိသေးတယ် ပိုးသွေးမံပြောလိုက်တဲ့စကားကြောင့် မျက်ခုံးပင်တွန့်ချိုးသွားရသည်။လဲတာ ဘာမှမကြာသေးတဲ့ကားကို မော်ဒယ်အောက်နေပြီဆိုတော့ အသစ်ပေါ်တိုင်း ကျွန်မက လဲစီးနေရတော့မလို့ပင်။အလကား ကပ်စေးနဲ။သူကျတော့ အခုစီးနေတဲ့ကားကို ဘယ်လောက်တောင်ကြာနေပြီလဲ မလဲပဲစီးနေတာ။သူများကိုဆို ဝေဖန်ရေးနဲ့လေကန်ရေးပဲတတ်တဲ့ ပိုးသွေးမံတော့ ကျွန်မနဲ့ ပွဲကြီးပွဲကောင်းကို ဖြစ်ရအုံးမှာပါ။

"ဟော်တော်..နင့်ကားကမှ အောက်နေတာအကောင်ရဲ့။ငါ့ကားက လဲထားတာဘာမှမကြာသေးဘူး။နင့်ဘာသာလဲပါ့လား.."

ကော်ရစ်တာလမ်းလျှောက်ရင်း ပြောလာကြတဲ့စကားတွေက အကန်တွေပင်။မတည့်အတူနေဆိုတာ သူနဲ့ကျွန်တော်နဲ့က တကယ့်အစစ်။ကားshowroomကို သွားချင်လို့ပါဆိုပြီးပြောရင်လဲ အလှောင်ခံနိုင်ရသလို ကိုစစ္ကဘာညာဆိုတဲ့ ဓာတ်ပြားဟောင်းကြီးက ထွက်လာပေအုံးမယ်။
ကိုယ့်ကိုကိုယ်ဘာဖြစ်သွားလဲဆိုတာတောင် မသိလောက်တဲ့အထိ ထိုလူကို ကျွန်တော်တမ်းတမ်းစွဲသွားမိခြင်းလား။အဖြေမရှာချင်ပေမယ့်။ဗညားဆိုသူက ကိုစစ်ထက်တော့ကျွန်တော့်ကို သာအောင်ထားနိုင်မှာပါ။

"ဟဲ့..နင်showroomဖွင့်ပွဲကျရင် လိုက်ခဲ့မယ်မလား"

"အဲ့နေ့က ငါတို့ဂျူတီချိန်ရှိတယ်လေ ပိုးသွေးရဲ့။နင်သွားမလို့လား.."

လူမှုရေးခေါင်းပါးတဲ့သူဆိုပြီး သူကိုယ်တိုင်သမုတ်ထားခဲ့ပြီး၊ကျွန်တော့်ဘက်က သွားဖို့စကားစခဲ့တော့ သူမက အံ့သြနေသလိုပင်။နဖူးကိုပါ လက်တွေနဲ့စမ်းရင်း ပါးစပ္ကလဲ အပြန်ထီဝင်ထိုးဦးမှပါဆိုပြီး ရေရွတ်နေလေရဲ့။

"အေးလေးဟယ် တကူးတကကြီးဖိတ်ထားတာအားနာစရာကြီးကို။."

"အမေလး ဆရာဝန်ကြီးရေးတဲ့ဖူးစာတော့ဖြစ်တော့မှာပဲ ပိုးသွေးမံရယ်။နည်းနည်းပါးပါးလေး အိနြေ္ဒလေးထိန်းပါအုံး။ဘယ်လိုဖြစ်နေမှန်းကိုမသိဘူး။အဲ့နေ့နင့်ဘာသာသွားချင်သွား။ငါ့ကိုအဖော်လာမညှိနဲ့ နိူးပဲ သူငယ်ချင်း.."

A Little Black Mole(Z+U)Where stories live. Discover now