Part 10

321 25 4
                                    

Unicode

Jaပြောပြီးထွက်သွားပေမယ့်Firstကတော့ကြောင်ပြီးကျန်နေခဲ့တယ်။

Aunty May - Firstလေးလိုက်သွားလေ။သားJaကခေါ်သွားတာမလား။

First - တကယ်ကြီးလိုက်သွားရမှာလားတီမေ။

Aunty May - အေးပေါ့ကွယ်။လိုက်သွားရမှာပေါ့။သားJaကတကူးတကခေါ်သွားတာလေ။လက်ထပ်ထားတဲ့သူတွေဆိုတာတူတူအိပ်ရမှာပေါ့။

First - ဒါပေမယ့်.......

Aunty May - ကဲပါ....Firstလေးရဲ့။သွားပါ။ဟိုကအရင်ကတည်းကစိတ်ကလက်တဆစ်ရယ်ရှိတာကိုတော်ကြာစိတ်ဆိုးသွားအုံးမယ်။

First - ဟုတ်ကဲ့ပါ.....ကျွန်တော်သွားလိုက်ပါ့မယ်။

Aunty May - အင်း။ကြီးမေလဲအိပ်တော့မယ်။နွားနို့လေးယူသွားလိုက်အုံးနော်။အပေါ်တက်သွားရင်။

First - ဟုတ်ကဲ့ပါ။

Firstကိုပြောပြီးတော့အန်တီမေကအခန်းထဲပြန်သွားတယ်။Firstလဲနွားနို့နှစ်ခွက်ကိုယူရင်းSmartဆီကိုအရင်သွားလိုက်တယ်။

First - Smartအိပ်နေပြီလား။

Smart - ဟင့်အင်P'ဘာလို့လဲ။

First - ဒီမှာနွားနို့သောက်အုံး။ညည့်နက်အောင်တော့မနေနဲ့နော်။စောစောအိပ်။

Smart - အင်းပါ။ဒါနဲ့P'တကယ်ဧည့်သည်ခန်းထဲမှာပဲအိပ်မလို့လား။ကျွန်တော်တူတူအိပ်လို့ရတယ်ဘာမှမဖြစ်ဘူး။

First - Jajaကသူနဲ့လာအိပ်တဲ့။

Firstစကားကိုကြားတော့Smartကလဲစလာတယ်။

Smart - Wow.......နောက်ဆုံးတော့....တူတူပြန်အိပ်ခွင့်ရပြီပေါ့။

First - စမနေနဲ့Smart။ငါJajaနဲ့အိပ်မှာမဟုတ်ဘူး။Jajaငါ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေမယ်။

Smart - P'jaကP'ကိုတခြားနေရာမှာအိပ်ခိုင်းမှာမဟုတ်ပါဘူးဗျာ။တခြားအချိန်ဆိုရင်သာမပြောတတ်ပေမယ့်အခုလိုP'ဖျားနေတဲ့အချိန်မှာတော့ပစ်မထားဘူးဆိုတာကျွန်တော်သိတယ်။

First - Smart...မင်းကတော့လေ။မင်းတယောက်ပဲJajaကိုအမျိုးမျိုးပြောနေတာ။

Smart - ပြောလဲပြောတယ်လို့တွေးလိုက်ပေါ့ဗျာ။အခုတော့သွားတော့။ကျွန်တော်လဲစိတ်ချသွားပြီးP'jaအခန်းမှာအိပ်မှာဆိုတော့။အော်.....နေမကောင်းတဲ့သူကိုတော့ဘာမှမလုပ်လောက်ပါဘူးနော်😂😂။

Taste Of Love (Uni+Zaw)Where stories live. Discover now