Part 5

356 30 2
                                    

Unicode

Milk & Breadဆိုင်ထဲကိုဝင်လာတဲ့ကောင်လေးနှစ်ယောက်။ဆိုင်ထဲကကောင်မလေးတွေအားလုံးရဲ့အကြည့်ကထိုကောင်လေးနှစ်ဆီမှာပင်။

Smart - P'gun..Sawadee krub။

Gun - Sawadee။မင်းအကိုဆီလာတာလား။

Smart - မဟုတ်ပါဘူးဗျာ။ဒီမှာလေP'ရဲ့အချစ်တော်Mark Siwatကိုလာပို့တာ။

Gun - မင်းကဘာလာလုပ်တာလဲ။

Mark - အိုးးးးးးP'ကလဲ....ကျွန်တော်ကP'ကိုတရက်မမြင်ရရင်မနေနိုင်ဖြစ်နေတာကို။အာ့ကြောင့်လာရတာပေါ့။

Gun - မင်းဟာမင်းမမြင်ရမနေနိုင်ဖြစ်နေတာလေ။ငါ့နဲ့မှမဆိုင်တာ။ရှုပ်ရှုပ်ရှက်ရှက်တွေဆိုင်မှာလာလုပ်မနေနဲ့။

Mark - P'ကလဲဗျာ😞။

Gunပြောလိုက်တဲ့စကားကြောင့်Markတယောက်မျက်နှာညှိုးသွားတယ်။အဲဒါကိုမြင်ပြန်တော့လဲGunတယောက်မနေနိုင်။Markကိုတွေ့ရင်ကိုသူအဲလိုပြောချင်နေတာလေ။ဒီကောင်လေးကိုသူမုန်းတာမဟုတ်ဘဲကိုယ့်ကိုချစ်မှန်းသိလို့ဆိုးနေမိတာပင်။သူMarkကိုမချစ်ဘူးလို့ငြင်းနေမိပေမယ့်Markအခုလိုဖြစ်ပြန်ရင်လဲသူ့စိတ်ထဲမှာသဘောမကျပေ။

Seng - Ai'gun....မင်းကလဲပြောလိုက်ရင်အဲလိုချည်းပဲ။ဟိုမှာNongဝမ်းနည်းသွားပြီ။

Gun - Ai'mark...မင်းအဲရုပ်ဖြစ်မနေနဲ့။ငါမင်းနဲ့တွေ့တိုင်းအဲလိုပြောနေတာကိုအသားမကျသေးဘူးလားခုချိန်ထိ။

Mark - ကျွန်တော်ကP'နဲ့ပတ်သက်လာရင်အမြဲတမ်းအားငယ်တတ်နေတာကိုဗျာ။

Gun - တော်...တော်...ငါ့ကိုအဲရုပ်လာလုပ်ပြမနေနဲ့။ငါပဲမှားတာ။တောင်းပန်တယ်သိလား။

Mark - P'မမှားပါဘူး။P'ကျွန်တော့ကိုပြောချင်သလိုပြောလို့ရပါတယ်။ကျွန်တော်ကP'နဲ့ပတ်သက်ရင်ကိုအရာရာတိုင်းကိုထိခိုက်လွယ်နေလို့ပါ။

Seng - အိုးးးးးးအားကျတယ်ကွာ။မင်းဒီကောင်လေးကိုအဖြေပြန်မပေးသေးဘူးလား။သနားဖို့ကောင်းနေပြီ။

Mark - ဟုတ်တယ်ဗျာ။P'တို့ကူပြောပေးကြပါအုံး။

Gun - မြင်လား...စောနကသနားကမားရုပ်နဲ့။ခုကြတော့ဘယ်လိုဖြစ်နေတယ်ဆိုတာ။ငါအဲဒါတွေကြောင့်မင်းကိုကြည့်မရတာ။

Taste Of Love (Uni+Zaw)Where stories live. Discover now