Part 7

301 22 10
                                    

Unicode

Smartတယောက်မနက်စောစောတထပ်တိုက်အိမ်အသေးကလေးတလုံးရှေ့ကိုရောက်နေတယ်။အိမ်လေးကအပြာရောင်ဆေးလေးသုတ်ထားပြီးခြံဝန်းလေးထဲမှာပန်းပင်လေးတွေစိုက်ထားတယ်။အပြင်ကကြည့်ရင်ကိုနေချင်စရာကောင်းတဲ့အိမ်လေးတလုံးပင်။ခနလောက်ကြာတော့ထိုအိမ်လေးထဲကနေအိမ်ပိုင်ရှင်လေးထွက်လာတယ်။ထိုသူကတော့.....

Smart - P'james!!!

Jamesတယောက်အလုပ်သွားဖို့ထွက်လာရင်းနဲ့ခြံအပြင်မှာတွေ့လိုက်ရတဲ့သူကြောင့်အံ့သြသွားမိတယ်။

James - မင်းငါ့အိမ်ကိုဘယ်လိုသိတာလဲ။

Smart - ကျွန်တော့အတွက်ကတော့P'ရဲ့အကြောင်းတွေကိုစုံစမ်းဖို့မခက်ခဲပါဘူးဗျာ။ကျွန်တော်ပြောပြရမလားP'ရဲ့အကြောင်းတွေကို။P'ကငယ်ငယ်ကSky And Groundမိဘမဲ့ဂေဟာမှာကြီးလာတာ။အသက်၁၀နှစ်ရောက်တော့အခုP'ရဲ့porကမွေးစားခဲ့တယ်။အရင်ကချင်းမိုင်မှာနေခဲ့ပေမယ့်P'ကိုမွေးစားပြီးမကြာခင်မှာပဲဘန်ကောက်ကိုပြောင်းလာခဲ့တယ်။P'စီးပွားရေးမေဂျာနဲ့ကျောင်းပြီးတော့Domjiw companyမှာအလုပ်လုပ်ပြီးဒီအိမ်လေးမှာနေခဲ့တာ။P'ရဲ့porကအရင်ကကျောင်းဆရာဆိုပေမယ့်အခုကျန်းမာရေးမကောင်းလို့အလုပ်ထွက်လိုက်ပြီ။ကျွန်တော်ပြောတာဟုတ်တယ်မလားP'။

Smartတယောက်Jamesရဲ့အကြောင်းတွေကိုသိချင်လို့Markကိုစုံစမ်းခိုင်းထားခြင်းပင်။Jamesကတော့Smartပြောတဲ့အကြောင်းတွေကိုနားထောင်ပြီးအံ့သြနေမိတယ်။သူ့ကိုမွေးစားထားတယ်ဆိုတဲ့အကြောင်းကိုJaရယ်သူ့မွေးစားအဖေရယ်၊သူရဲ့အရမ်းရင်းနှီးသူငယ်ချင်းရယ်ကလွဲရင်ဘယ်သူမှမသိကြဘူးလေ။သူ့အဖေကလဲဒီကိစ္စကိုမသိစေချင်လို့ချင်းမိုင်ကနေဘန်ကောက်ကိုပြောင်းလာခဲ့ခြင်းပင်။

James - မင်းငါ့အကြောင်းတွေစုံစမ်းပြီးတော့ဘာလုပ်မလို့လဲ။

Smart - P'ကိုကျွန်တော်ပြောပြီးသားပဲလေ။P'ကိုသဘောကျလို့ကျွန်တော်လိုက်တော့မှာလို့။အဲတော့P'အကြောင်းအကုန်စုံစမ်းထားရတာပေါ့။

James - မင်းငါ့ကိုလွှတ်ထားပေးလို့မရဘူးလား။

Smart - ကျွန်တော်ကP'ကိုသဘောကျနေတာလေဗျာ။P'ကိုလွှတ်ထားပေးလို့ရဖို့လား။

Taste Of Love (Uni+Zaw)Where stories live. Discover now