Part. 22 🌊

Mulai dari awal
                                    

"သူကညီမကို သဘောမကျဘူး အမရဲ့.."

အဆုံးသတ်တွင် တိမ်ဝင်သွားသည့်အသံဟာ အဖျားခတ်၍တုန်ယင်နေသယောင်။ မင်ဟီးအနေဖြင့် သနားဂရုဏာသက်နိုင်ယုံမှတစ်ပါးမတတ်နိုင်ခဲ့ပါ။

"ဒါပေမယ့် ညီမကတော့အရမ်းသဘောကျတယ်လေ၊ အာ့တော့ပိုင်ဆိုင်ချင်မိတာ..."

"ဆွန်းလီ...."

"ခဏ၊ ခဏလေးပါ ...ညီမပြောပါရစေအုန်းနော်"

ဒီအချိန်မှာ သနားဖို့အကောင်းဆုံးလူဟာဆွန်းလီအပြင်မရှိရှာတာမို့ ထိုကလေးမ၏ရင်တွင်းခံစားချက်တစ်ချို့အားနားထောင်ပေးရန်ဆုံးဖြတ်လိုက်သည်။ ကိုငယ်နှင့်ညီမလေး ယှဉ်လာလျှင် ဘယ်သူ့ဘက်ရပ်မယ်ဆိုတာကို သူမ,အနေဖြင့် မရွေးချယ်ရဲပါ။ မဟုတ်ဘူး မရွေးချယ်နိုင်တာ။ နှစ်ဖက်လုံးဟာ သူမ,တန်ဖိုးထားရတဲ့လူသားတွေမလို့ ယခုအချိန်မှာ ကလေးငယ်‌တွေလိုမျိုး သူ့ဘက်နေမလား ငါ့ဘက်နေမလား ရွေးချယ်လို့ရမယ့်အခြေအနေလဲမဟုတ်ပေဘူး။

"သူကပြောတယ်၊ ဂျွန်ဂျောင်ဂုဆိုတဲ့လူကအချစ်ဦးတဲ့....ပြီးတော့ အချစ်ဆုံးတဲ့လေ"

"........."

"ဘဝတစ်လျှောက်လုံး သူများတကာတွေအားကျရလောက်တဲ့ အနေအထားတစ်ခုမှာရှင်သန်ခဲ့တယ်။ လူတစ်ယောက်ကိုမနာလိုဖြစ်တဲ့ခံစားချက်မျိုး အချိန်တစ်ခုရောက်တဲ့အထိမခံစားခဲ့ဖူးဘူး"

"........."

လေလှိုင်းထဲမှတစ်ဆင့်ကြားလိုက်ရသည့် ဆွန်းလီ၏ ဖျော့တော့စွာရီမောသံ။

"အခုတော့...ယောက်ျားတစ်ယောက်ကြောင့် ယောက်ျားတစ်ယောက်ကိုမနာလိုဖြစ်တယ်၊ သိပ်ကိုခံရခက်တာပဲ၊ မိန်းမတစ်ယောက်ဖြစ်နေလျက်နဲ့ အာ့ဒီအမျိုးသားကို ယောက်ျားတစ်ယောက်ဆီက ဆွဲမထုတ်နိုင်ဘူးတဲ့...အဟား ဟား"

တုန်ယင်နေသည့်အသံဟာ ရီမောနေပေမယ့်အက်ကွဲနေသည်။ တစ်စုံတစ်ယောက်ရဲ့ချစ်ခြင်းကိုခံရတဲ့သူနဲ့ ချစ်ခွင့်မရနိုင်တဲ့သူ။ ဂျွန်ဂျောင်ဂုဆိုတဲ့လူ....စတွေ့တည်းက အကိုထယ်‌ယောင်းအားပိုင်ဆိုင်သူဆိုတဲ့မျက်နှာဘေးမျိုးဖြင့် သူမရှေ့၌မော်ကြွားနေခဲ့တယ်။ ဘယ်သူ့ကိုမှဂရုမစိုက်တဲ့အာ့ဒီ မျက်နှာတင်းတင်းဟာ အကိုထယ်ယောင်းဘက်လှည့်လိုက်ပါက အကြည့်တို့မှအစသည်နူးညံ့ကုန်တယ်။

THE FIRST TIME WE MET🌊 [COMPLETED]Tempat cerita menjadi hidup. Temukan sekarang