အပိုင်း ၅၈

Start from the beginning
                                    

" ဒီမှာ အထောက်အထားရလာခဲ့ပြီး။ မင်းက ခံခဲ့ရသူဆိုတော့ ဘယ်လို့လုပ်ချင်လဲ၊ ရဲလက်အပ်မလား၊ ကိုယ်တိုင်စီရင်ချင်လား "

တိတ်ဆိတ်နေသူကိုကြည်ပြီး ဦးမင်းထွဋ်ခေါင် သဘောပေါက်လိုက်သည်။

" ငါသိပြီး။ မင်းယောကျာ်းကိုသာ အပြည့်အဝဂရုစိုက်လိုက်၊ ငါပဲကြည့်လုပ်လိုက်မယ် "

" အင်း။ ကလေးငယ်က မပေါ့မပါးနဲ့ဆိုတော့ "

" ငါနားလည်တယ်။ ဒီကောင်တွေ ကံကောင်းသွားတယ်လို့ပဲ သတ်မှတ်လိုက်မယ်၊ ငါသမက်ခေါင်းမာကောင်သေးသေးလေးကိုသာ သေချာလေး အိမ်ပြန်ခေါ်လာခဲ့ "

" စိတ်ချ။ ကျွန်တော်ရအောင် ပြန်ခေါ်လာမှာ၊ ပြီးတော့ ကျွန်တော်တို့အချစ်ကို ကြည်ဖြူပေးလို့လည်း ကျေးဇူးတင်တယ် "

" သားအဖချင်းချင်း မလိုပါဘူး၊ ​လူတိုင်းက အ ကြိုက်ချင်း ဘယ်တူနိုင်မလဲ၊ ကမ္ဘာပေါ်မှာရှိတဲ့ အလှပဆုံးအရာက ချစ်ခြင်းမေတ္တာပဲ၊ လိင်ကွဲ ပြားမှု မကွဲပြားမှုတို့ထက် တစ်ဦးနဲ့တစ်ဦးချစ်
နေရုံနဲ့တင် အရာရာလုံလောက်နေပါပြီးကွာ "

ဖခင်ဖြစ်သူပြောစကားတို့ကိုကြားလိုက်လျှင် ရင်ထဲရှိအစိုင်ခဲငယ်မှာ လျော့ကျသည်။ အပြုံးတို့မှာ ကြည်နူးမှုကြောင့် ဖြစ်တည်လာသည်။ အလိုဆန္ဒအတိုင်း လက်ခံပေးသော မိဘကိုပိုင်ဆိုင်ခွင့်ရ၍ ကြည်နူးဝမ်းသာမိလေသည်။ အရင်က လိင်တူချစ်ခြင်းကိုလက်မခံခဲ့သူသည် ယခု၌ အပြည့်အဝ လက်ခံခဲ့လေပြီး။

ကလေးငယ်သာ ပြန်လိုက်လာဖို့ လိုတော့သည်။ အရာအားလုံးတို့သည် အဆင်သင့်ဖြစ်နေလေပြီး။ ကလေးငယ်နှင့်အတူ ကြီးကျယ်သော ခန်းမအတွင်းမှာ တင့်တယ်စွာ ထိမ်းမြားချင်သည်။ သက်ဆုံးတိုင် အိုမင်းပေါင်းသင်းချင်မိသည်။ အတွေးနှင့်တင် ကြည်နူးဝမ်းသာမှုတို့သည် ရင်ထဲအပြည့် လျှံတတ်လာပေသည်။

စွယ်သော်လင်းခြံအပြင်ဘက်ကို မသိမသာကြည့်နေမိသည်။ ဒီနေ့လူကြီးကို မတွေ့ရသေး။ မလာဘူးလား။ တိတ်တိတ်လေ အဝေးကကြည်နေတာများလား။ အတွေးများစွာဖြင့် မျှော်နေမိသည်။ နေ့တစ်ဝက်ကျိုးပြီးဖြစ်သော်လည်း တွေ့ချင်သူကို မတွေ့ရသေး၍ နေ့လယ်စားကိုပင် စားချင်စိတ် မရှိအောင်ဖြစ်ရသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now