" ကိုယ့်ကိုလည်း အတူနားထောင်ခွင့် ပေးလေကွာ ''

ရှုပေါ်စုက တောင်းဆိုခဲ့လေတယ်။ အစကတော့ ကျန်းရှု ငြင်းပစ်လိုက်ချင်တယ်။ ဒါပေမယ့် တစ်ခြားသူ က သူ့ကိုထောက်ပံ့ဖို့ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပြီး ရှာတော့မှာ ဆိုတာကို သ်ိလိုက် ရတော့ မငြင်းနိုင်တော့ပါ။

သူ့ရဲ့ ကတ်ပေး လိုက်ရတာလည်း မဟုတ်သလို ခက်ခဲတဲ့ အလုပ်လည်း မဟုတ်တာကြောင့် ရှုပေါ်စု ရဲ့နားထဲကို ဘယ်ဘက် နားကြပ်ကို ထည့်ပေး လိုက့တယ်။

ဒီလိုအပြုအမူလေးက ဘေးကနေ ကြည့်နေတဲ့ အမျိုးသမီး ငယ်တွေကို ရယ်လာစေတယ်။ ကျန်းရှုက အံကြိတ်ကာ သူ့အကြည့်တွေကို ပြန်ရုတ်သိမ်း လိုက်တယ်။

သူသေ သာ သေလိုက် ချင်တော့တယ်။

ဒါပေမယ့် သူ့စိတ်ထဲ မှာ ထူးဆန်းတဲ့ ခံစားချက် တစ်ခု ရလေတယ်။ အဲ့တာက ရှုပေါ်စု ဟာ ဆန်ကုန်မြေလေး တစ်ယောက် မဟုတ်ဘူး ဆိုတာပါပဲ။

သူအရင်တုံးက ယုစုယန်နဲ့ တွဲခဲ့တုံးကဆို သူတို့ ၂ယောက်လုံး က တစ်ယောက် ကို တစ်ယောက် ချစ်တာတစ်ခုတည်းသာ သိခဲ့ကြတယ်။ နူးညံတဲ့ ကြင်နာမှုတွေ ကာကွယ် မှုတွေ ဆိုတာ မရှိခဲ့ လေဘူး။ ဒါကြောင့် သူက အခုအခြေအနေကို ပိုပြီးတော့ သဘောကျနေမိတယ်။

အခုချိန်ထိ တော့ သူကလည်း သဘောကျကြောင်း ကို လျှို့ဝှက်ထားတာပဲ ပိုကောင်း တယ်လို့ သူခံစားမိဆဲပဲ ။ ဒီလိုလုပ်မှ သာ ဆက်ဖြစ်လာမယ့် အမှားတွေ လျော့နည်းမယ်လို့ တွေးမိလို့ပဲ ဖြစ်တယ်။ ဘယ်လို ပဲ ဖြစ်ဖြစ် ပါလေ ကျန်းရှု ကဖုံးကွယ်တဲ့ နေရာမှာ အရမ်းတော်နေပြီပဲလေ။

တကယ်လို့ သူ့ရဲ့ လက်ကိုတွဲကာ လမ်းမတစ်လျောက် အတူသွားလာချင်တဲ့ လူကို သူတွေ့ခဲ့ရင်တောင် သူကထိုလူ ကို အဆုံးရှုံး ခံမှာ မဟုတ်ပေမယ့် မြင်အောင် လည်း ပြသမှာ မဟုတ်လေဘူး။ ဥပမာ ပြောရရင် အခုဆို ရှုနာနတ်သီးလေး သူ့ကို ကာကွယ်ပေးနေတယ် ဆိုတာအရမ်းကိုသိသာ နေလေတယ်။ လူတိုင်းက သူတို့ကြားမှာ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေး ရှိနေတယ်ဆိုတာ ကိုမြင်နိုင်တယ်။ ကျန်းရှုက သူ့နောက်ကို လိုက်နေတဲ့ ရှုပေါ်စု ကိုကြည့်ပြီး သူ့ခေါင်း ကိုမော့ကာ ဘေးပတ်ဝန်း ကျင်ကို လှည့်ကြည့် လိုက်တယ်။ သူတို့က K ဘူတာရုံ ကိုရောက်နေပြီ ပဲဖြစ်လေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now