" မင်းက ဘယ်သူ့ကို ဘာလို့စောင့် နေတာလဲ? "

ကျန်းရှုက သူ့မျက်လုံး ကို လှည့်လိုက် တယ်။

" ခများ ခေါင်းကို စောင့်နေတာ''

" သတိထား အုံးနော်။ နာနတ်သီး ရဲ့ခေါင်းက မင်းရဲ့ လက်လေးတွေကို ထိုးဖောက်ပြီး စူးသွား လိမ့်အုံးမယ် ''

ရှုပေါ်စုက ထိုကဲ့သို့ နောက်ပြောင်ကာ ရယ်မော နေလေတော့ ကျန်းရှုက သူ့ကို ဟွန့်ကနဲ လုပ်လိုက်တယ်။ သူ့ရဲ့ ရှုံတွနေတဲ့ မျက်နှာကို ဘေးသို့လှည့်ကာ သူပြုံးနေမိတာကို ရှုပေါ်စု မြင်သွား ခြင်းမခံ ရအောင် ရှောင်လိုက်တယ်။

သူ့ကိုများ မသိတက်သေးတဲ့ ကလေး တစ်ယောက် လို ဆက်ဆံနေသေးတယ်။

" မင်းလေး ကြိုက်သလောက် ရယ်နိုင်ပါတယ်ဗျာ။ ''

ရှုပေါ်စုက ပြောရင်း ကျန်းရှုရဲ့ ခေါင်းအနောက်ကို အသာလေးပွတ် ပေးလိုက်တယ်။

သနားစရာ ကောင်းလိုက်တဲ့ ကလေးလေးပဲ။

" ခများကြီးက အရမ်းကို စိတ်အနှောက် အယှက် ဖြစ်တာပဲ။ အရမ်းတွေ ရိုးသား ပြနေလွန်းလို့လေ ''

ကျန်းရှုက သူနဲ့ဝေးရာဆီကို လျှောက်သွား ပြီးတော့ စိတ်မပါ တပါနဲ့ အရှေ့ကို သွားလေတယ်။ အဲ့ဒီညတုံးက ကိစ္စသာ မဖြစ်ခဲ့ ရင် တီရှပ်လေး ဝတ်ထားတဲ့ ကောင်လေးက လူငယ်စီးပွားရေး ပညာရှင် တစ်ယောက် ကို ဆွဲဆောင်မိဖို့ အခွင့်အရေးလည်း မရှိသလို ဒီလိုမျိုး ပြောဆိုကာ သူ့နောက်မှာ ချန်ထား ခဲ့ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး ။

ကျန်းရှုက လူနည်းနေတဲ့ တံခါးနားကို လျောက်သွားပြီး ထိုသူတို့နဲ့ အတူရပ်စောင့်နေခဲ့တယ်။ မကြာခင်ပဲ သူ့နောက်မှာ လူတစ်ဦး လာရပ်လေတယ်။ ဒီလူကို ခန့်မှန်း စရာမလိုပါပဲနဲ့ ဘယ်သူလဲ ဆိုတာကို ကျန်းရှု သိပါတယ်။

ရထားက သိပ်မကြာခင်မှာ ရောက်လာပြီးတော့ လူတွေ ပြည့်သိပ်သွား လေတယ်။ သူ့ကို အနောက်ကနေ လက်မောင်း တစ်စုံ နဲ့ ကာကွယ်ပေး ထားတာကို ကျန်းရှု တစ်ယောက် ခံစားမိတယ်။ ပြီးတော့ ဒီလိုမျိုးက ပိုပြီးအဖိခံ ရနိုင်တယ် ဆိုတာလည်း သိလေတယ် ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now