ကျန်းရှုက သူ့မျက်လုံး ကိုလှိမ့်ကာ ပြောလိုက်တယ်။

" ရပ်လိုက် ပါတော့ဗျာ။ ရှုမိသားစု ရဲ့ အမွေခံ သားတစ်ယောက် အနေနဲ့ ခများပေးတာက နည်းပါတယ် လို့ ဘယ်သူက ပြောရဲ မှာတဲ့လဲ ?''

ရှုပေါ်စု ရဲ့ တောက်ပတဲ့ အပြုံးလေးတွေက လျော့ပါးသွားတယ်။

" မင်း သိနေတယ် လား? "

ကျန်းရှုက စိတ်အနှောက် အယှက်ဖြစ်တယ်လို့ ခံစားလိုက်ရတယ်။

" ကျွန်တော် မသိဘူး။ ခများ အဆင်သင့် ဖြစ်ပြီလား။ ကျွန်တော် သွားတော့မယ် ''

ရှုပေါ်စုက ခေါင်းကို ငြိမ့်ပြတယ်။

" ကိုယ့်ရဲ့ ကြယ်သီးတွေ တပ်ရုံပဲ ကျန်တော့တယ် ''

သူပြောတဲ့ အရာကို ကျန်းရှု တစ်ယောက် လှမ်းကြည့် မိလိုက်တယ်။ ထိုလူ့ရဲ့ အင်္ကျီ အောက်က ရှုခင်းလေး ကို ခပ်ဖျော့ဖျော့လေး မြင်လိုက် ရတော့ ထိုလူ့ကို သူ အရမ်းမနာလို လာတယ်။ ဒီတောင့်တင်းတဲ့ သွင်ပြင်က အရမ်းကို ကောင်းတယ်။

" မင်းက ကြိုက်လို့လား? "

ကျန်းရှုက သူ့ကို ကြည့်နေမှန်းလည်း သိရော ထိုလူက ပြောလာတယ်။

" ဒါက အဆင်ပြေ ပါတယ် ''

ကျန်းရှုက ပြောကာ လှည့်ထွက် သွားလိုက်တယ်။ ရှုပေါ်စု ကလည်း သူယူရမယ့် ပစ္စည်း တွေကို ယူကာ ကျန်းရှုနောက်ကို လိုက်လာတော့တယ်။

" စတော်ဘယ်ရီ လေး ။ ကိုယ်တို့ မြေအောက် ရထားလိုင်း ကနေ သွားရအောင် ''

သူက ကျန်းရှု ဘေးနားကပ်သွားကာ သဘာဝအတိုင်း သူက အရပ်ရှည်လေတော့ သူ့လက်ကို ကျန်းရှုရဲ့ ပုခုံးပေါ် တင် လိုက်တယ်။

" ခများ ဒါက ဘာလုပ်တာလဲ? "

ကျန်းရှုက သူ့ပုခုံးပေါ်က လက်ကို ကြည့်လိုက် တယ်။

" ဘာဖြစ်လို့လဲ? "

ထိုလူက မေးပြီးနောက် ' အ ' ဆိုတဲ့ အော်သံ ဖျော့ဖျော့ ကလေး ထွက်လာတယ်။ ဘာလို့လဲဆိုတော့ ကျန်းရှုက သူ့ရဲ့ လက်ချောင်း လေးတွေကို ကိုက်လိုက် လို့ပဲ ဖြစ်လေတယ်။ ဒါ့ကြောင့် ရှုပေါ်စု က သူ့ကိုလှောင်ဖို့ အကွက်တွေ့ သွားတော့တာပေါ့။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now