သားသားရဲ့ဒယ်ဒီမရှိတော့ပေမယ့် ဒီကပါပါးက ပတ်ဝန်းကျင်မှာ ပူတင်းလေးမျက်နှာမငယ်ရအောင်လူတော်လူကောင်းလေး ဖြစ်အောင် သေချာပြုစု ပျိုးထောင်သွားမှာမို့ ပူတင်းလေးက ဖေဖေလဲကျချင်တဲ့အခါတိုင်း ရှေ့ဆက်ရှင်သန်နိုင်ဖို့ ခွန်အားတွေပေးပါ။

ထို့နောက် ဦးစံနဲ့အတူ ရန်ကုန်ကို ပြန်လာခဲ့ကြပြီး
သားသား သုံးလသားရောက်တော့
လေညှင်း ဆေးရုံသွားတဲ့အခါ သားသားကို ထိန်းပေးဖို့ နာနီခေါ်ဖို့ စီစဥ်ရသည်။သို့သော် ကြီးလုံးနဲ့မိနွယ်တို့က လက်မခံ ၊ သားသားကို တွေ့တာနဲ့ တယောက်တလှည့်စီ ပွေ့ချီနေပြီး လက်ထဲကမချချင်လောက်အောင် အသားလေးတွေ တစ်ရစ်ထွက်နေတဲ့ သားသားကို အရမ်းချစ်နေကြသည်မို့ နာနီခေါ်ဖို့ အစီစဥ် ရုတ်သိမ်းလိုက်ရသည်။

"ဆရာ စိတ်မပူနဲ့ သိလား..မိနွယ်က အိမ်က မောင်ကို နို့ပြတ်ကာစကတည်းက ထိန်းကျောင်းလာတာ..အဲ့တော့ ကလေးထိန်း အတွေ့အကြုံတွေ ရှိပြီးသား..ဘယ်နာနီမှငှားစရာမလိုဘူး..ပူတင်းလေးကို စိတ်ချလက်ချထားခဲ့လို့ရတယ်ဆရာ"

ညစာ စားပြီးလို့ ဧည့်ခန်းမှာ အားလုံးစုထိုင်ပြီး စကားစမြည်ပြောကြရင်း သားသားအတွက် နာနီခေါ်ဖို့ ကိစ္စအကြောင်း ရောက်သွားတော့ ထုံးစံအတိုင်း သားသားကို ထိန်းပေးမယ်လို့ ပြောတဲ့သူထဲမှာ မိနွယ်က ထိပ်ဆုံးက။

"ဟုတ်သား..ပူတင်းလေးကို သူစိမ်းလက်ထဲတော့ ဝကွက် မအပ်နိုင်ပါဘူး..သားငယ်ရယ်..ဒီ့အတွက်ဘာမှမပူနဲ့တော့..ကြီးလုံးနဲ့မိနွယ်က တလှည့်စီ ပူတင်းကို ထိန်းပေးမယ် ဟုတ်ပြီလား"

"လေညှင်းက ကြီးလုံးတို့ ပင်ပန်းမှာစိုးလို့ ပြောတာပါ..အိမ်အလုပ်တွေလည်း လုပ်နေရတယ်ဆိုတော့.သားသားကိုထိန်းရင် ပိုအလုပ်ရှုပ်မှာလေ..အဲ့ဒါကြောင့်ပါ..ဒါပေမယ့် ကြီးလုံးတို်နဲ့ဆိုရင် သားသားကို ပိုစိတ်ချတာပေါ့..လေညှင်း နာနီမခေါ်တော့ဘူး..ကြီးလုံးတို့ သားသားကြောင့် အခက်ခဲရှိရင် လေညှင်းကို အချိန်မရွေး ပြောပါနော်"

"ဟုတ်ပါပြီ..ကဲ..သားသားလေးက အိပ်ချင်နေပြီထင်တယ်..သားငယ်အပေါ်တက်ရင် တခါတည်း သိပ်လိုက်တော့..ကြည့်ပါဦး အိပ်နေတဲ့ပုံလေးကလည်း တကယ်အသည်းယားစရာလေး..နူတ်ခမ်းရဲရဲလေးကို ထော်လို့ကွယ်"

စေလိုရာစေ(Completed)Where stories live. Discover now