သူမရဲ့ ခပ်ဖွဖွ တိုးညှင်းညှင်းအသံဟာ ယုံကြည်သက်ဝင်ရာ ကယ်တင်ရှင်ထံသို့ တောင်းဆုပြုနေလေရဲ့...။

" အမေ... အဖေက ပြန်မရောက်သေးဘူးလား"

Osenက အဖေ့ကို စောင့်ဆိုင်းရင်း အိပ်ပျော်သွားခဲ့တာကြောင့်၊ အဖေဖြစ်သူရဲ့ အရိပ်အယောင်ကို မတွေ့ရတော့ မေးမိလိုက်တယ်။

" အင်း... သူ ဒီရက်ပိုင်း အလုပ်တွေ တော်တော်များနေလို့ ထင်ပါရဲ့ osen...။ မင်း အဖေ အရမ်းနောက်ကျတာပဲ။"

Osen အခန်းနံရံပေါ်က နာရီအကြီးကြီးကို ကြည့်လိုက်မိတော့... အချိန်က နံနက် တစ်နာရီ စွန်းစွန်း...။ အိပ်ချင်စိတ်က မိခင်ဖြစ်သူကြောင့် ပြေပျောက်နေပြီမို့ ထရပ်လိုက်ရတော့တယ်။

သူ့အမေကတော့ သူမရဲ့ အိပ်ခန်းရှိရာဘက်ကို ပြန်သွားလေတယ်။

Osen အပြင်ဘက်ကို ထွက်ရပ်ရင်း...၊ ကောင်းကင်ယံကို ကြည့်မိလိုက်တော့၊ မြူမှုန်ကင်းစင်နေတဲ့ ကြယ်ပင်လယ်ကြီးကို မြင်လိုက်လေတယ်...။ အဲ့ဒီအချိန်တုန်းက တောက်ပမှုအပြည့်နဲ့ တည်ငြိမ်အေးဆေးတဲ့  ကောင်းကင်ယံဟာ တစ်ချိန်မှာ သွေးချင်းချင်းနီရဲပြီး မီးခိုးတလူလူ အလံလွင့်ထူနေလိမ့်မယ်လို့ သူ တွေးတောင် မတွေးခဲ့မိပေ...။ ဒါဟာ ကမ္ဘာမြေရဲ့ ရက်စက်ကြမ်းကြုတ်မှု လှည့်စားခြင်းမဟုတ်ပါဘဲ... လူသားတွေရဲ့ အတ္တ​တစ်ခုထဲကြောင့် ဖြစ်တည်လာခဲ့တဲ့ ကပ်ဘေးတစ်ခုပါပဲ...။

သူနဲ့ ဘေးချင်းကပ် အိမ်ကို Osen လှမ်းကြည့်လိုက်မိတော့... မီးအလင်းရောင် ခပ်ဖျော့ဖျော့ကို မြင်လိုက်ရတာကြောင့်... အာ့ဒီအိမ်က ကောင်လေး မအိပ်သေးမှန်း သိလိုက်ရလေတယ်...။

Osenက လူဆိုးလေးပဲ ဖြစ်တယ်။ သူ့ခြေလှမ်းတွေက မအိပ်သေးတဲ့ ဟိုဘက်အိမ်က လူရှိရာ ရွေ့သွားဖို့ လုပ်လေတယ်။

သူ့အမေသာ သိခဲ့ရင်၊ osenကို ဆူတဲ့လေသံတိုးတိုးနဲ့ ​'အာ့ဒီအိမ်က ကောင်လေးကို မင်း အမြဲ အနိုင်ကျင့်နေတာ မကောင်းဘူးနော်...' ဆိုပြီး ပြောပါလိမ့်မယ်။

Autumn's Breeze ( осень ветер ) CompleteTempat cerita menjadi hidup. Temukan sekarang