ကျန်းရှုက တိုတို တုတ်တုတ် ပြန်ဖြေတယ်။

" စာ ပြန် နွှေး ''

သူ့ရဲ့ ရမှတ် တွေအကုန် လုံးက အိပ်ပျော် ရင်းရလာ တာလို့များ ဒီလူထင် နေသလား မသိ။

ရှုပေါ်စု က ပြန်ပြောလေတယ်။

" ကောင်းပြီ။ ကိုယ်သိပြီ။ ဒါဆို ကိုယ်မင်းကို စောင့်မနေတော့ ဘူးနော် ''

" ဟုတ်ပြီလေ။ ''

ကျန်းရှုက စာထပ်ပို့တယ်။

" ခများ အားနေတာ ဆိုတော့ ဘာလို့ ရုပ်ရှင် သွားမကြည့်လဲ ?''

ထိုနေရာမှာ ဘယ်သူကမှ သူ့ကိုပြန်မဖြေလေဘူး။ ရှောင်ကျန်းရဲ့ နှလုံးသား လေးက ဆိုးဝါးတဲ့ ခံစားချက်တွေ ကို ခံစားလာမိတယ်။

သူကျောင်း ကိုရောက် လုနီးခါ မှ ရှုပေါ်စု က စာပြန် ပြန်လာလေတယ်။

" တကယ်လို့ မင်းက ကိုယ်နဲ့ အတူမရှိ ချင်ဘူး ဆိုမှတော့လည်း ။ ဒါဆို ကိုယ်တို့ သွားပြီး ကွာရှင်း ကြစို့လေ။ ဒါမှ ကိုယ်လည်း နောက်ထပ် အသစ် တစ်ယောက် ကို ရှာလို့ ရမှာ ''

သေစမ်း... ။

ဒါက တကယ့်ကို သူ့နှလုံးသား ကို ထိခိုက်စေတယ် ပေါ့လေ။ အခုအဲ့ စကားကြား လိုက်ရတာနဲ့ သူ့ နှလုံးသား လေးက ရှုပ်ပွ သွားသလို ခံစား လိုက်ရတယ်။

ကျန်းရှုက ဒေါသ ထွက်သွား တာကြောင့် အသံမက်ဆေ့ချ် နဲ့ တိုက်ရိုက် ပို့ပေး လိုက်တော့တယ်။

" ဘာရယ်! အဲ့ အကြောင်း ကို တွေးတောင် မတွေးနဲ့။ ညကျရင် ကျွန်တော် ပြန်လာ ခဲ့မယ်! အိမ်ကို သန့်ရှင်း သာလုပ်ထား လိုက်! "

ဖီ...  ဘာ အတောင်ဖြန့် ခွင့်ပေးရမှာလဲ။ ဘာကို တစ်ယောက်နဲ့ တစ်ယောက် လွတ်လပ် ခွင့်ပေးရ မှာတဲ့လဲ။ သူက အခုဆို ဆိုးဝါးနေတဲ့ အခြေအနေကို ရောက်နေတာ။ ဘယ်သူ့ကို မှသူ့ ရဲ့ လက်ထဲကနေ ထွက်သွား ခွင့်ပေးမှာ မဟုတ် ဘူး။

တိုက်ခန်းငယ် လေးထဲမှာတော့ ရှုပေါ်စုက သူ့နှုတ်ခမ်းလေးတွေကို ကိုက်ကာ အသံမက်ဆေ့ချ် ကိုဖွင့်ပြီး နားထောင် လိုက်တယ်။ ပြီးတော့ ပြန်ပို့ပေး လိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now