" ဒီလို ယုန်လေးထောင့် ပန်းသီးစိတ်တွေကို မင်းကြိုက်သလား?  မင်း မကြိုက်ရင် ကိုယ်နောက်တစ်ခါ တစ်ခြား တစ်မျိုးလှီးပေးမယ်လေ။ နောက်တစ်ခါ တကယ့်ယုန်ပုံလေး ဖော်ပေးမယ်နော်။ မင်း ယုန်ပုံလေးကိုရော ကြိုက်ရဲ့လား ?''

ကျန်းရှုက ပန်းကန်ပြားကို ကိုင်ထားရင်း အားပျော့သွားသလို ခံစားလိုက်ရတယ်။

ကျန်းချုနမ် က သူ့အတွက် ယုန်ပုံလေးတွေ လှီးပေး ဘူးလား?

ဟင့်အင်း။

" ကေ.... ''

လေးထောင့်ဆန်ဆန်ဖော်ထားတဲ့ ယုန်ပန်းသီး စိတ်လေးတွေကို ကျန်းရှု ကိုက်စားနေရင်း စိတ်မကောင်း စရာတွေကို ပြန်တွေးမိတယ်။

သူငေးကြောင်နေတဲ့ အချိန်မှာ တစ်ဖက်လူက သူ့ဘေးက အိပ်ယာဆီကို ဘယ်လို ဝင်လာခဲ့သလဲ ဆိုတာကို ကျန်းရှုမသိလေဘူး။ သူသတိပြန်ဝင်လာတော့ ရှုပေါ်စု က သူ့ဘေးမှာ ဝင်လှဲနေပြီးပါပြီ။

" အကုန်အဆင် ပြေသွားပါပြီ။ အိပ်ကြရအောင်နော် ''

ကြီးမားတဲ့ လက်ကြီး တစ်ဖက် က သူ့ကို အကြိမ်အနည်းငယ် ပုတ်ကာ ပွတ်သပ်ပြီးနောက် သူအိပ်ပျော်သွား လေတော့တယ်။

မနက်ခင်း ရောက်လာတဲ့ အချိန်နှိုးစက် ပေးထားတဲ့ နာရီက အလန်းသံ မြည်လာလေတယ်။ နှိုးစက် ပေးထားတဲ့ ဖုန်းက ရှုပေါ်စု ဖုန်းမဟုတ်ပဲ ကျန်းရှုရဲ့ ဖုန်းပဲ ဖြစ်လေတယ်။ ဒါကို ကျန်းရှုက နိုးမလာပဲ ရှုပေါ်စု သာနိုးလာ ခဲ့လေတယ်။

" စတော်ဘယ်ရီလေး? "

ရှုပေါ်စုက သူ့ဘေးက အိပ်နေတဲ့ လူငယ်လေးကို လှုပ်နိုး လိုက်တယ်။

" ဟမ်း? "

ကျန်းရှုက ဘေးကို လှည့်ကာ ပြည့်ပြည့် ဝဝ မနိုးသေး ပါဘူး။

" မင်း နှိုးစက်ပေး ထားတာက မြည်နေပြီ။ ဒီနေ့က အတန်းတက်စရာ ရှိနေတာလား? "

ငြင်သာတဲ့ အသံတစ်ခု က သူ့နားကပ်ကာ ပြောလာတယ်။

" ငါလိုးတဲ့မှ....''

ကျန်းရှုက အိပ်ယာပေါ် ကနေ အိပ်မှုန်စုံမွှား နဲ့ထပြေးကာ ဆေးကြော သန့်စင် တယ်။ ဝတ်ရမယ့် အဝတ်အစားရှာလေတယ်။ အကုန်ပြီးတာနဲ့ သူက ရှုပေါ်စု ကို လှမ်းအော်ခဲ့လေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now