" ခများက ဘာမဟုတ်တာတွေ တွေးနေတာလဲဗျ။ ကျွန်တော့်ကို ပိုစိတ်ညစ်အောင်ပဲ လာလုပ်နေတော့တာပဲ။ ''

ဒီ အဖြေက သိပ်တော့ မကောင်းပေမယ့် ရှုပေါ်စုအတွက်တော့ ရင်ထဲက အလုံးကြီးကျသွားစေတယ်။ စိုးရိမ်မှုတွေ အနည်းငယ် လျော့ကျသွားသလို ခံစားရစေတယ်။

" အဲ့လို မင်းကို မလုပ်ဘူး ဆိုရင်တော့ အဆင်ပြေပါတယ်ကွာ။ အခုချိန် ကစပြီး မင်းက ကိုယ်နဲ့အတူတူ နေရတော့မယ်လေ။ ဒါ့ကြောင့် မင်းက ဘယ်သူ့ဆီမှ သွားစရာ မလိုတော့ သလို ဘယ်သူ့ပိုက်ဆံမှ သုံးစရာမလိုတော့ဘူးလေ။ ''

ကျန်းရှုက သူ့ကို အထင်သေးစွာ ပြောလိုက် တယ်။

" ခများက တစ်ခြားလူတစ်ယောက် ကိုထောက်ပံ့ပေး နိုင်ဖို့ရာ အတော်လေးကို ဆင်းရဲနေတယ်လေ။ ''

ယခင်က CEO ဖြစ်ခဲ့ဘူးတဲ့ သခင်လေးက ထိုအချက်ကိုတော့ လက်ခံလိုက်လေတယ်။ သူပြန်ပြီး မငြင်းနိုင်ခဲ့ပါ။

" ဟုတ်ပြီကွာ။ ဒါဆိုလည်း ကိုယ်မင်းကို ထောက်ပံ့ပေးနိုင်ဖို့ အလုပ်တွေ အများကြီး  ကြိုးစား လုပ် မယ်ကွာ။ ''

ကျန်းရှုက ဝမ်းသာစွာနဲ့ ပြောလိုက် တယ်။

" ဒါဆို ဒီနေ့ည အောင်ပွဲခံ ဖို့ ဘဲကင်လေး သွားစား ကြမလား? "

ရှုပေါ်စုကလည်း တက်ညီလက်ညီနဲ့ ပြန်ဖြေလေတယ်။

" အွန်လိုင်းကနေ မှာပြီး အိမ်မှာ စားကြစို့! "

သူတို့  ၂ ယောက်ထဲ မှာစားကြလေတယ်။ တိုက်ခန်းလေးက အရင်တုံးကဆို သဲကန္တရ လိုခြောက်သွေ့နေပေမယ့် အခုတော့ အိုအေစစ်လေးရှိလာ ခဲ့ပါပြီလေ။ ကျန်းရှုက စားပြီးတော့ အခန်းကို ပြန်တဲ့အခါ ပြောလာတယ်။

" ဟေး ကျွန်တော်က အခုဆင်းရဲနေတုံးမို့ အိပ်ခန်းကို အခန်းကန့်ရမယ်။ နောင်တစ်ခန်းက စာကြည့်ဖို့အခန်းလေ။ ကျွန်တော်က အဲ့တာကို ဖြတ်ပြီးတော့..... ''

ကျန်းရှုက ပြောနေရာကနေ ၅ မိနစ်လောက် ကြာလေတော့ သူ့ဘေးနားကို ရှုပေါ်စု က လေးထောင့်ပုံစံ လှီးထားတဲ့ ပန်းသီးပန်ကန်လေး လာချပေးကာ သူပြောသမျှ နားထောင်ပေး ခဲ့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now