Pa Pa's boy : 6 ( Final)

Start from the beginning
                                    

"...."

"ဟဲလို ပါးပါး ဟုတ် ကျွန်တော် လမ်းဘေးက ဆိုင်လေးတစ်ဆိုင်မှာ "

"...."

"ကျွန်တော်ပြန်မလာတော့ဘူး ပါးပါးဆီကို ပါးပါးအနှောင့်အယှက်ဖြစ်မှာစိုးလို့"

"..."

"ပါးပါး တကယ်ပြောတာလား ပါးပါးက ဂျောန်ကိုချစ်တယ်ဆိုတာ တကယ်နော် ပြီးတော့ လူကြီးဖြစ်ပြီး မညာရဘူးနော် အဲဒါဆို ဂျောန်အခုချက်ချင်းလာခဲ့မယ်"

"...."

"ရတယ်ပါးပါး ဂျောန်ဘာသာ ပြန်ခဲ့မယ် ပါးပါးကို တွေ့ချင်လှပြီ ချစ်တယ်နော် ပါးပါး"

ဂျောန်ဆိုတဲ့လူဆိုးလေးရဲ့ မျက်နှာကလိုချင်တာရသွားတဲ့
ကလေးငယ်လေးလို ဝင်းပလို့။ ဂျောန်ဘေးက
နှစ်ယောက်ကတော့ အပြောင်းအလဲမြန်လွန်းတဲ့
သခင်လေးကို နှာခေါင်းတရှုံ့ရှုံ့နဲ့။ တကယ်ပါ ဂျောန်ဆိုတာ
ပါးပါးနဲ့ ပတ်သတ်လာရင် မူယာမာယာ ပလီပလာတွေနဲ့
အဲလိုလေးတွေလည်း ချွဲတတ်သေးတာ။ ဂျောန်က
သူကိုယ်တိုင်လည်း ချစ်ပေးနိူင်သလို အချစ်ကလည်းခံချင်သေးတာရယ်။

🍉🍉🍉🍉🍉🍉🍉

ချစ်ရတဲ့လူသားလေးနှစ်ယောက် တစ်နည်းအားဖြင့်
တစ်ဦးကိုတစ်ဦး မေတ္တာတွေပုံပေးထားတဲ့ အမျိုးသားလေးနှစ်ဦးရဲ့
ရိုးရှင်းသော လက်ထပ်ပွဲလေးတစ်ခု။

တစ်ယောက်နှင့်တစ်ယောက်က အသက်အရွယ်တွေ
ကွာဟလွန်းနေလည်း တစ်ဦးအပေါ်တစ်ဦး
ပေးထားတဲ့
မေတ္တာတွေကတော့ အတူတူပါဘဲ။ လက်ထပ်ပွဲလေးရဲ့
ဇာတ်ဆောင်နှစ်ယောက်က အမျိုးသားနှစ်ဦးဖြစ်နေလည်း
လိုက်ဖက်လွန်းတဲ့ အရာတွေကတော့ လိုက်ဖက်လွန်းနေတာပါဘဲ။ အခုလည်းကြည့်
အ​ဖြူရောင်အ​နောက်တိုင်းဝတ်စုံနှင့် သတိုးသားငယ်လေးဟာ
နောက်ထပ် အဖြူရောင်ဝတ်စုံနှင့်သတိုးသားလေးက
သူ့ပါးပါးရဲ့လက်ကိုတွဲ၍ လျှေက်လာတာကို ကြည့်နေတာများ ကမ္ဘပေါ်မှာ တစ်ယောက်တည်းပဲရှိသည့်အတိုင်း။

လိပ်ပြာတွေက ပန်းလှလှလေးတွေအပေါ် ဝဲသလို
ဂျောန်ရဲ့ချစ်ခြင်းမေတ္တာတွေဆိုတာလည်း ပါးပါးဆိုတဲ့
လူသားလေးဆီမှာဘဲ ဝဲပျံခြင်းသတဲ့။ အချစ်က
အပြာရောင်လေးပါလို့ ပြောခဲ့တုန်းက ဂျောန်က
ဟင့်အင်းပါတဲ့၊ အချစ်က ပါးပါးပါလို့ ပြန်ဖြေခဲ့သတဲ့။
ဂျောန်အနားမှာ လိပ်ပြာလှလှလေးတွေ ဝဲနေခဲ့လည်း
ဂျောန်ကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဥယျဥ်မှုးကိုဘဲ ခြွေစေချင်တယ်တဲ့။

Pa Pa's boy (ပါးပါးရဲ့ ကလေးငယ်)Where stories live. Discover now