ဂျောန်ကပင် ဦးဆောင်၍ အခန်းတံခါးကို ဆွဲဖွင့်လိုက်လေသည်။ 'မင်'ကတော့ 'ဂျောန်'ရဲ့နောက်မှာ ခပ်ကုတ်ကုတ်လေး ။ 'မင်'တစ်ယောက် 'ဂျောန်'ရဲ့ ခန္ဓာကိုယ်ကိုကွယ်၍ ပါးပါးကို ခိုးကြည့်လိုက်လေသည်။
ပါးပါးသည် လူနာကုတင်ပေါ်တွင် ပြုံးရွှင်ရယ်မောလို့။ ပါးပါးရဲ့ဘေးနားတွင်တော့ မားမားရယ် ၊ ကိုကိုကြီးရယ် ၊ အသက် ၂၀ခန့်အရွယ် လူချောလေးတစ်ယောက်ရယ်က ပါးပါးနှင့် စကားပြော၍ ရယ်မောနေကြခြင်းပင်။
ကိုကိုကြီး က 'မင့်'ကိုမြင်သွားပြီထင်၊ 'မင့်'အနားသို့ အပြေးလေးရောက်လာလေသည်။
"မင်ငယ် ဘာလုပ်နေတာလဲ လာပါအုံး ကိုကိုကြီးဆီကို "
ကိုကိုကြီးက 'မင့်'ကို ဆွဲဖက်၍ ငိုပါတော့သည်။
"လူဆိုးလေး နေနိူင်လိုက်တာ ကိုကိုကြီးတို့ကို ဘာလို့တစ်ခေါက်တောင် လာမတွေ့ရတာလဲ"
ထိုအခါ 'မင်'က ကိုကိုကြီးရင်ခွင်ထဲမှနေထွက်၍ ကိုကိုကြီးရှေ့တွင် အပြစ်လုပ်ထားသောကလေးငယ်လေးလို ခေါင်းငုံ့လို့သာရပ်နေမိသည်။
"တောင်းပန်ပါတယ်"
ထိုအခါ ကိုကိုကြီးသည် 'မင်'ရဲ့ခေါင်းလေးကိုဖွဖွလေးပုတ်၍
"ကဲထားပါတော့ ဘာလဲ အခုလဲပါးပါးကို ကြောက်လို့ နောက်မှာပုန်းနေတာလား မင်ငယ်"
'မင်' ကိုကိုကြီးကိုကျော်ပြီး ပါးပါးကိုလှမ်းကြည့်လိုက်တော့ ပါးပါးသည် စောနကနဲ့မတူဘဲ 'မင့်'ကို ခပ်တည်တည်သာ စိုက်ကြည့်နေလေသည်။ 'မင်'မျက်ရည်တို့ ဝဲကနဲ။
"ဟုတ် ပါးပါးကိုကြောက်လို့"
"ပါးပါး "
ထိုအခါ ဂျောန်သည် 'မင့်'ကို တိုးတိုးလေး ခေါ်လာလေသည်။
"သားကြီး သူ့ကိုပြန်ပို့လိုက် "
"ဟင်"
ထိုအခါ ငိုနေသော 'မင်'သည် အထိတ်တလန့် မော့ကြည့်လာသည်။ ဂျောန်ပြောတော့ ပါးပါးကိုယ်တိုင် ပြန်ခေါ်ခိုင်းတာဆို။
"ပါးပါးကြီး"
"ဘာလဲကွ"
"ပါးပါးကြီး ဘာလုပ်တာလဲ ပါးပါးကြီးကိုယ်တိုင်ဘဲ ပါးပါးကိုတွေ့ချင်တယ်ဆိုလို့ ခေါ်လာပေးတာလေ"
YOU ARE READING
Pa Pa's boy (ပါးပါးရဲ့ ကလေးငယ်)