"အေးပါကွာ"

ဟီဆွန်းသည် အမေ့အိမ်ခြံလေးရှေ့သို့ရောက်ပြီဖြစ်သည်။ငယ်ငယ်က အဖြစ်အပျက်တွေအရာရာတိုင်းက မျက်စိရှေ့တွင်ပဲပေါ်လာတော့သည်။ ဟွန်းတို့အိမ်ဘက်ကိုကြည့်လိုက်တော့ ကိုယ့်ကို ဘောလုံးနဲ့ကန်မိလို့ အာဘွားနဲ့ အုံဖွလုပ်ပေးနေတဲ့မှည့်နက်ပေါက်စလေးကို မြင်ယောင်လာမိသည်။

"မေမေ!!"

"သား!..ပြန်ရောက်ပြီပေါ့လေ..arigoo..မေမေ့သားလေး..ဆွန်းနား..မေမေဒီနေ့သားအကြိုက်တွေချည်းချက်ထားတာ..ဂျယ်ယွန်းလဲလာစားလေ သား"

မေမေသည် သူ့အားပြေးဖက်ပါတော့သည်။ နောက်ပြီး သူမ အရင်ကလို ဂျယ်ယွန်းအား အမြင်မကြည်ခြင်းမရှိတော့..မေမေသည် အရင်ကထက်လဲ ပိုလှလာပါ၏။

သူတို့သုံးယောက် နေ့လည်စာတူတူစားကြရင်း ရှေးဟောင်းနှောဖြစ်များပြောကြတော့သည်။ သူအရမ်းပျော်နေပါသည်။နောက်ရက်ကျရင် မှည့်နက်လေးအားလဲ သွားရှာရမည်။

"ဟျောင်းနဲ့ အန်တီ..အဲ့ဆို ကျွန်တော့်ကိုခွင့်ပြုပါဦးဗျ"

"အေးအေး..သားသတိထားသွား"

ဟီဆွန်းကတော့ သူသိသလို ဂျယ်ယွန်းအား ရယ်ကျဲကျဲလုပ်နေသည်။

ဂျယ်ယွန်းထွက်သွားပြီးနောက် ဟီဆွန်းတစ်ယောက် သူသိချင်နေသောမေးခွန်းအား မေမေကိုမေးလိုက်သည်။

"မေမေ..ဟို..ဟွန်းနီးတို့အိမ်က ဘာလို့ ဘယ်သူမှမနေသေးတာလဲဟင်"

"အာ...သားကို မေမေ မပြောရသေးတာ.. မေမေဝယ်လိုက်တာလေ"

"ဗျာ...အဲ့ဆို သားတို့က သူတို့ခြံကော ပိုင်တာပေါ့နော်"

"ဒါပေါ့ သားရဲ့.."

ဟီဆွန်းတကယ့်ကိုပျော်သွားပြန်ရပါသည်။မဟုတ်တောင် သူပြန်ဝယ်မည်ဟု ရည်စူးထား၍ပင်။မေမေ့အား အရမ်းတွေကိုကျေးဇူးတင်နေမိသည်။

နောက်တော့ ဟီဆွန်းသည် အပေါ်ထပ်သို့တက်ကာ..သူ့အိပ်ခန်းလေးထဲသို့ ဝင်သွားမိသည်။အရင်အတိုင်းဘာမှမပြောင်းလဲပေ။

သူပြန်လာပြီး သူ့ငယ်ငယ်က အိပ်ခန်းလေးထဲ၌ ပထမဆုံးညလေးအား မှည့်နက်လေးကို လွမ်းဆွတ်ခြင်းများဖြင့် ဖြတ်သန်းလိုက်သည်။

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now