လူအများရှေ့လည်း မရှက်နိုင်တော့ မောင့်ရဲ့ပေါင်ပေါ် ဘေးစောင်းဝင်ထိုင်လိုက်ပြီး လည်တိုင်ကို လက်နှစ်ဖက်နဲ့ ခိုတွဲ၍ ပုခုံးပေါ်မေးတင်းကာ တင်းထားသမျှ ငိုချမိတော့သည်။

"မငိုပါနဲ့..ကလေးရယ်...မောင်ပြန်ကောင်းလာပြီပဲ..မငိုနဲ့တော့နော်...အဟား...မောင့်ကလေးက အငိုသန်လေးပါကွာ...နောက်ငါးလကြာရင် ပူတင်းလေးတောင် ရောက်လာတော့မယ်..ဒီက သူ့ပါပါးက အငိုမင်းသားလေး ဖြစ်နေတုန်း"

ပူတင်းလေးဆိုတာ အခြားမဟုတ် ၊ လေညှင်းတို့ရဲ့ မိသားစုလေးထဲ နောက်ငါးလကြာရင် ဝင်ရောက်လာတော့မယ့် မိသားစုဝင် အသစ်လေးဖြစ်သည်။စက္ခ မျက်စိခဲွဲပြီး တစ်လနေတော့ ဦးစံက ဘန်ကောက်မှာ ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် ကလေးလေးတစ်ယောက်ယူဖို့ လေညှင်းတို့ကို အကြံပေးလါခဲ့သည်။

လေညှင်းတို့နှစ်ယောက်လုံး သေချာတိုင်ပင်ပြ​ီးနောက် ဦးစံပေးတဲ့အကြံကို လက်ခံလိုက်သည်မို့ အငှားကိုယ်ဝန်ဆောင်၏ သားအိမ်ထဲ ဖန်ပြွန်သန္ဓေသား ထည့်၍ လက်တွေ့အကောင်ထည်ဖော်ခဲ့ကြရာ အောင်မြင်သွားတာကြောင့် အခုဆို ကလေးက ငါးလထဲ ဝင်လာပြီ ဖြစ်သည်။

အငှားကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ အမြဲတမ်း အဆက်သွယ်ရသည်မို့ ပူတင်းမကြိုက်သူက သားလေးကို ရှိမှ ပူတင်းတွေချည်း လိမ့်စားသည်ဟု ကြားရတာကြောင့် သားလေးကို ပူတင်းလေးဟု ချစ်စနိုးနဲ့ နာမည်ပေးလိုက်ခြင်း ဖြစ်သည်။

"ဟား..ဟား..ဟုတ်ပါ့ မောင်စက္ခရာ..ငါ့တူက ပူတင်းနဲ့ အပြိုင်ငိုမယ့် အနေထားမှာရှိတယ်ဟေ့..မင်း ကလေးနှစ်ယောက် ပြိုင်တူ ချော့ဖို့သာ ပြင်ထား မောင်စက္ခရေ ဟား..ဟား"

ဦးစံအပြောကြောင့် အခန်းထဲရှိနေသူအားလုံး လိုက်ရယ်ကြပြီး ပွဲကျလို့သွားလေသည်။

ထို့နောက် ဆရာဝန်က စက္ခ အမြင်အာရုံတွေ ပြန်ရတာသေချာပြီဆိုမှ တခါထပ်စစ်ဆေးရင်း အခန်းထဲက ထွက်သွားသည်။ဦးစံလည်း အစည်းဝေးရှိတာ​ကြောင့် ကြီးလုံးတို့ပြန်တာနဲ့အတူ လိုက်ထွက်သွားပြီး အခုတော့ အခန်းထဲမှာ လေညှင်းတို့နှစ်ယောက်တည်း ကျန်ခဲ့လေသည်။

စေလိုရာစေ(Completed)Where stories live. Discover now