ထိုအခါ ပါးပါးက ဂျောန်ရဲ့ခေါင်းကို မမှီတမှီလေး
လှမ်းပုတ်၍ ပြုံးပြလာသည်။

"ဂျောန်နဲ့ ပါးပါးကြားမှာ ကျေးဇူးတင်စရာမလိုပါဘူးဂျောန်ရဲ့ ပြီးတော့ ဂျောန်က ပါးပါးအတွက် တစ်သက်လုံး ပါးပါးရဲ့ကလေးငယ် ဘဲလေ"

"ပါးပါး "

"ဟင်"

"ဂျောန်ကို ကလေးငယ်လို့ ခေါ်ပါဦးလား ပါးပါးကအဲ့လို မခေါ်တာကြာပြီမို့ တစ်ခါလောက်ဖြစ်ဖြစ် ကြားချင်လို့ပါ"

"ဟမ်"

မင်တို့ အခက်တွေ့ရပါသည်။ ဒီအရွယ်ရောက်မှ
ဂျောန်ကို ကလေးငယ်လို့ခေါ်ဖို့ကြတော့ နည်းနည်း
ကိုးလိုကန့်လန့်နိူင်ပါသည်။ သို့သော် ရှေ့မှာလည်း
မျက်နှာငယ်လေးနဲ့။ ပြီးလို့ လိုချင်တာ မရရင် စိတ်ကောက်ပါအုံးမည်။
ဟိုနေ့ကလည်း သူနဲ့အတူမအိပ်လို့ သူ့ကိုမချစ်တော့ပါဘူးဆိုပြီး
ချုံးပွဲချငိုလို့ မင်တို့ မနည်းပြန်ချော့ထားရတာ။ ဒီကလေးက တစ်ခါတစ်လေဆိုသိပ်ဆိုးတာရယ်..

"ပါးပါးက မခေါ်ချင်လို့လား"

"အဲ မဟုတ်ပါဘူး ​ဂျောန်ရဲ့"

"အင်း အဲဒါဆိုခေါ်"

"အင်း ပါးပါးရဲ့ ကလေးငယ်လေး"

"ဟီး ဟီး ပါးပါးကိုချစ်လိုက်တာဗျာ"

ဂျောန်က ပြောပြောဆိုဆိုပင် သူ့ကိုချီ၍ ဝေ့ယမ်းသောကြောင့်
လူတွေကကြည့်တော့ မင်မှာ မျက်နှာတွေ ပူလိုက်ရတာ။

"ပါးပါး ကျွန်တော် ဘယ်လိုလုပ်ရမလဲဟင် ပါးပါးတစ်ခုလောက် ကူညီပေးပါလား"

ဂျောန်က သူ့ကို အောက်ပြန်ချ၍ မျက်နှာငယ်လေးနဲ့
အကူအညီ တောင်းလာပါတော့သည်။ ဘာဖြစ်ပြန်ပြီလဲ မသိ။

"ဘာဖြစ်လို့လဲ ဂျောန်ရ ပါးပါးကိုပြော ပါးပါးကူညီမှာပေါ့"

"ပါးပါး တကယ် ပြောတာနော်"

"အင်းပါဆို"

"ကျွန်တော့်ကို ဂျောန်က ပြောနေတယ် သူပါးပါးကို အဖေတစ်ယောက်လိုမဟုတ်ဘဲ ဘဝလက်တွဲဖော်တစ်ယောက်လို ချစ်မိနေပြီတဲ့"

"ဟမ် ဂျောန် မင်းဘာတွေပြောနေတာလဲ"

မင်သူ့ရှေ့မှာ ရှိတဲ့ ကလေးငယ်ကို အလန့်တကြား တွန်းထုတ်မိသည်အထိ။

Pa Pa's boy (ပါးပါးရဲ့ ကလေးငယ်)Where stories live. Discover now