'estrus' ဆိုတဲ့စာလုံးက သူ့ရဲ့အတွေးထဲ 'pop'ကနဲ ရုတ်တရက်ပေါ်ပေါက်လာပြီး ချိယွီက ထိတ်လန့်စွာအကြည့်လွှဲလိုက်ကာ ဟယ်ကျိုးရဲ့အကြည့်‌တွေနဲ့မဆုံအောင် ကြိုးစားနေလိုက်တယ်။

သူသေချာပေါက် estrus ဖြစ်ဖို့ ခွင့်မပြုနိုင်ဘူး။
'လိင်အင်္ဂါ' နဲ့ 'ကိုယ်ဝန်ဆောင်ခြင်း' ဆိုတဲ့ စကားလုံးတွေကို တွေးနေသမျှ သူ့ရဲ့ဦး‌ရေပြားတွေဟာ ထုံကျင်လာတော့တယ်။

"မင်းရဲ့မျက်နှာက ပိုနီလာပြီ ၊ မင်းစိတ်လှုပ်ရှားနေတာလား?" ဟယ်ကျိုးရဲ့ အသံဟာ တိုးလျနေပြီး ၊ သူ ထိုစကားကိုပြောပြီး ပြီးချင်းဘဲ ချိယွီရဲ့မျက်နှာကို ထိကိုင်လာခဲ့တယ်။

အေးစက်စက် အထိအတွေ့ တစ်ခုသူ့မျက်နှာပေါ်မှာ ခံစားလိုက်ရတာကြောင့် ၊ ချိယွီ နှာတစ်ချက်မှုတ်လိုက်တယ်။အဲ့ဒီနောက် ချိယွီဟာ ပိုပြီးစိတ်လှုပ်ရှားလာပြီး မထင်မှတ်ထား‌တဲ့ အမူအရာနဲ့ တုံ့ပြန်လာခဲ့တယ်။
"မင်းရဲ့ ခွေးပါးစပ်ကြီးကို ပိတ်ထားစမ်းပါ"

သူ့ရဲ့ ပျော့ခွေနေတဲ့ လက်နဲ့ခြေထောက်တွေကြောင့် ချိယွီဟာ ထဖို့ရုန်းကန်နေရတယ်။ သို့သော်လည်း သူရဲ့ခါးနားမှာ ရစ်ပတ်ထားတဲ့လက်တွေကတော့ သူ့ကိုမလှုပ်မယှက်ဖြစ်နေစေတုန်းဘဲ။ ချိယွီ ချွေးတစ်တန်လောက်ထွက်ပြီးတာတောင်မှ သူ့ရဲ့ ကိုယ်ဟာတစ်လက်မတောင် နေရာရွေ့မသွားဘဲ ခုထိ ဟယ်ကျိုးပေါ်မှာလှဲနေရဆဲဖြစ်နေတယ်။

ချိယွီရဲ့ မျက်နှာဟာ ရှုံ့မဲ့လာပြီး : "လွှတ်ပေး!"

ဟယ်ကျိုးက တိုးလျစွာရယ်မောလိုက်ပြီး သူ့ရဲ့ခွန်အားအပြည့်နဲ့ ရင်ဘတ်ဟာလည်း အဆက်မပြတ်တုန်ခါသွားခဲ့တယ်။

ဟယ်ကျိုး ပြုံးလိုက်တာနဲ့ သူ့ရဲ့မျက်လုံးထောင့်စွန်းတွေဟာလည်း မြင့်တက်လာပြီး ၊ ထို စူးရှတဲ့မျက်ဝန်းတွေဟာလည်း နူးညံ့လာခဲ့တယ်။ ဟယ်ကျိုးရဲ့ နက်ရှိုင်းတဲ့မျက်ဝန်းအစုံမှာ အလင်းရောင်လှိုင်းတွန့်လေးတွေ ဖြစ်တည်လာခဲ့ပြီး ချိယွီရဲ့မျက်နှာကိုပိုနီလာစေကာ နှလုံးခုန်မြန်လာစေခဲ့တယ်။

"မင်းရယ်နေတာ ရပ်လို့ရမလား?" ချိယွီတံတွေးမျိုချလိုက်ကာ ဟယ်ကျိုးရဲ့မျက်လုံးတွေကိုကာဖို့ သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်တယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now