အိမ်ရောက်တော့ ရင်ခွင်ထဲမှာ  ပါးလေးတစ်ဖက်ဖိကပ်ကာ အိပ်ပျော်နေသူလေးကို အသည်းယားလွန်းတာကြောင်ံ့ အသားဖြူလွန်း၍ သွေးကြောစိမ်းလေးတွေ ယှက်သန်းနေသော ပါးအိအိလေးကို ရူးခနဲ တစ်ချက်ဖိနမ်းလိုက်မိ​သည်။မျက်ရည်စတွေကပ်ငြိနေတဲ့ မျက်တောင်လေးတွေက တစ်ချက်နှစ်ချက်ခတ်ပြီး
ထပ်ခါတလဲလဲ ပြောလာခဲ့သော စကားတစ်ခွန်းတည်းကိုသာ သဲ့သဲ့လေး ယောင်ကာ ပြန်အိပ်ပျော်သွားသူလေးသည် ပကတိ အပြစ်ကင်းစင်လွန်းသည်။

အိပ်မပျော်ခင်စပ်ကြား တောက်လျောက်ပြောနေခဲ့တာကတော့ "မောင် လေညှင်းအနားမှာပဲနေပေးနော်" တဲ့။

မင်းအနားမှာ ခဏမဟုတ်ဘူး တစ်ဘဝစာ ခိုနားဖို့မွေးလာတဲ့ကောင်မို့ မောင်းထုတ်ရင်တောင် ဒီလှောင်အိမ်က ပျံပြေးဖို့ စိတ်ကူးမရှိဘူး။

"ညီလေး စက္ခ..အဆင်ပြေရဲ့လား..အကိုလေးကို.. ကိုထွန်းတွဲပို့ပေးမယ်လေ"

"ကျွန်တော်ပဲ ချီသွားလိုက်ပါ့မယ်..ကိုထွန်း..ကျေးဇူးပါ"

ထို့နောက် စက္ခအရင်ကားပေါ်က အသာလေးဆင်းရသည်။ပြီးမှ အိပ်မက်ကမ္ဘာရောက်နေတဲ့ ဒေါက်တာသေးသေးလေးကို ကလေးတွေ ရင်ခွင်ပိုက်ချီသလိုမျိုး ခြေထောက်လေးနှစ်ဖက်ကို ခါးမှာချိတ်စေပြီး တင်ပါးလေးကိုပင့်ချီမ၍ အိမ်ထဲဝင်ဖို့ စီစဥ်ရသည်။

"ဟယ်!!မောင်စက္ခရယ်..ဘယ်လိုဖြစ်လာတာလဲကွယ်..သားငယ်လေး တစ်ခုခုဖြစ်လာတာလား.. ကြီးလုံးကို ပြောပြပါဦး..ရင်တွေပူလှပြီ"

"ရှူး!!"

"သွားမမေးနဲ့ဦး ဒေါ်ကြီးလုံး..လာ..ကျွန်တော်ပြောပြမယ် ...မိနွယ် ညီမလေးက ညီစက္ခနောက် လိုက်သွားလိုက်နော်..ဘာလိုအပ်လဲတစ်ချက်​မေးကြည့် မရှိဘူးဆိုမှပြန်ဆင်းခဲ့ ဟုတ်ပြီလား"

"ဟုတ်..ကိုထွန်း"

စက္ခ လက်ညိုးကို နူတ်ခမ်းရှေ့အသာကပ်ပြပြီး အပေါ်ထပ်ကို အမြန်ရောက်ဖို့ ခြေလှမ်းတွေ
အရှိန်မြှင့်ရသည်။ဒီအိမ်မှာနေလာတာ အသားကျနေပြီမို့ အမြင်အာရုံချို့တဲ့နေပေမယ့် တစ်အိမ်လုံး နေရာအနှံ့ကို အကူမပါဘဲ စက္ခသွားလာနိုင်နေပြီမို့ ကိုထွန်းလိုက်ပို့မည်ကို ငြင်းပြီး အပေါ်ထပ်သာတက်လာလိုက်သည်။

စေလိုရာစေ(Completed)Donde viven las historias. Descúbrelo ahora