"အင်း. အင်း..မောင်ရောက်လာပြီ မကြောက်နဲ့တော့နော်...မောင့်ကလေးလေး...ဒီအချိန်ကစပြီး
ဟောဒီက မင်းရဲ့ယောက်ျား..မောင်ကလေ.. ဒီကလေးလေးကို ဘယ်သူမှ မော်မကြည့်ရဲအောင် အပြည့်ဝကာကွယ်ပေးသွားမှာ သိရဲ့လား..မောင့်ကိုယုံလိုက်နော် ကလေးလေး"

မှော်စက္ခရဲ့ ကြင်နာသူလေးကို ထိရဲတဲ့ကောင် ဒီတစ်ဘဝမပြောနဲ့ နောက်ဘဝဆယ်ဆက်ထိ သုတ်သင်သတ်ဖြတ်ဖို့ မောင်ဝန်မလေးဘူး။

စက္ခသည် လေညှင်းကို ဖက်ပြီး ချော့မြူနေတုန်း မျိုးထက်သာတစ်ယောက် ရသမျှ အခွင့်ရေးလက်လွတ်မခံပဲ ယိုင်တိုင်တိုင်နဲ့ ဓာတ်လှေကားအပြင်ကို ပြေးထွက်လို့သွားသည်။

"မိုးစက်!!..အဲ့ကောင်နောက်ကလိုက်..မျိုးထက်သာ အသက်ရှင်နေသေးတာ ငါမလိုချင်ဘူး!!"

"အမိန့်တိုင်းပါ..ဆရာ"

စက္ခအမိန့်ပေးပြီးတာနဲ့ မိုးစက်သည်လည်း မျိုးထက်သာ နောက်ကထပ်ကြပ်မကွာ လိုက်သွားသည်။

ထို့နောက် ကိုထွန်းကို ခေါ်ပြီး စက္ခတို့ကို လာကြိုစေသည်။အခုထိ ကြောက်ပြီးတုန်နေသူလေးကို ပွေ့ပြီး ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်သည်အထိ လည်တိုင်ကို ခိုတွဲထားသော လက်ကလေးတွေက လွတ်မသွားသေး။ရင်ခွင်ပျောက်သွားမှာစိုးသည့် ကြက်ပေါက်လေးလို ခေါင်းလေးကို
စက္ခ၏ နှလုံးသားတည်နေရာတည့်တည့်မှာ ဖိကပ်ထားပြီး မျက်တောင်လေးတွေ အသာမှေးစင်းချထားသည်။

သူ့ကလေးလေး အတော်ကြောက်သွားရှာမှာ။
တော်သေးသည် မျိုးထက်သာနဲ့ကလေး
အတူထွက်သွားသည့်အကြောင်းကို အသေးလေးနောက်ကျနေ၍ လက်ထောက်နပ်စ်ကို ဖုန်းခေါ်လိုက်ရာမှ တဆင့်သိလိုက်ရလို့။အောက်ထပ်ဆင်းလာတဲ့ဓာတ်လှေကား ရှေ့မှာ ဆယ်ငါးမိနစ်နီးပါး စောင့်လိုက်ရတဲ့ စက္ခအတွက်တော့ ရွေ့နေတဲ့ စက္ကန့်တိုင်းက သူ့နှလုံးသားကို တစ်စစ ဖျက်ဆီးပစ်နေသလို ခံစားခဲ့ရသည်။

ငါအမြင် အာရုံတွေ ပြန်မကောင်းသေးတာ မင်းကံကောင်းတယ်မှတ် မျိုးထက်သာ။မဟုတ်ရင် အဲ့ဒီသတ္တဝါကို နေရာတင် အသွေးရောအသားပါ တစ်စစီ ဖျက်ဆီးပစ်မိမှာ။

စေလိုရာစေ(Completed)Donde viven las historias. Descúbrelo ahora