Part . 1

1K 112 8
                                    

ယနေ့ တွေ့ဆုံရခြင်းအကြောင်းအရင်းဟာ
မင်္ဂလာနေ့မှာ လူနှစ်ယောက်ရဲ့ နှလုံးသားနှစ်ခုကို ပေါင်းစည်းခြင်းဖြစ်ပါတယ်
ကြွရောက်လာတဲ့မိတ်‌ဆွေများခင်ဗျာ
အဖဘုရားသခင်၏အလိုတော်အတိုင်း
သတို့သားအမျိုးသားနှစ်‌‌ယောက်၏ပေါင်းစည်းခြင်းကို ချီးမွမ်းပါတယ်
ဘုရားသခင်၏ကျေးဇူးတော်ကြောင့်
ဖြူစင်တဲ့ချစ်ခြင်း ဤဘ၀၌ထာ၀ရတည်တံ့ပါစေ ~

ဘုန်းတော်ကြီး၏စကားအဆုံးတွင် နားနှင့်မဆံ့အောင် ကျယ်လောင်လှသော ချီးကျူးထောပါနာပြုသည့်
လက်ခုပ်သံများနှင့်အတူ ဘုရားကျောင်းရှိဖန်ပြတင်း
များ၏ လှစ်ဟာနေသော ‌နေရာမှတို့ဝှေ့လာသော ‌
လေစိမ်းအချို့သည် ဦးခေါင်းထက်ရှိ ဆံနွယ်များသာမက ဦးရေပြားအထိပါ အေးစိမ့်သွားသည်
အနီရောင်မှန်ကွက်ထူများမှ အလုအယက်ဖြတ်သန်း
၀င်ရောက်လာသော နေရောင်ခြည်နုနုသည် သတို့သားနှစ်ယောက်ကို လွှမ်းခြုံဖြာကျလျက်
ဒီအချိန်မှာ သူ၏ အတွေးတို့သည် အနာဂတ်တွင်
အပြုံးအရယ်မရှိလျက် ပြစ်တင်ခြင်းတို့ဖြင့်
နောင်တရမိလေသော သူ့ကိုယ်သူပြန်မြင်ရသလို
ကြောက်ရွံ့တုန်လှုပ်နေမိ၏
၀မ်းနည်း၍လား ၀မ်းသာ၍လား ဖုန်မှုန့်အချို့မတော်တဆ၀င်သွား၍လည်းမသိ မျက်၀န်းမှာ
စိုစွတ်သွားရသည်

"ဘ၀နှစ်ခုပေါင်းစည်းခြင်းဆိုတာ လွယ်လွယ်နဲ့အဆုံးသတ်မသွားသလို ခက်ခက်ခဲခဲနဲ့ဖြစ်တည်လာရတာမျိုးလည်းမဟုတ်ဘူးတဲ့ "

"ဒီလောက်သိသာနေတာကြီးကို ဒီအိမ်ထောင်ရေးက
ဘယ်လိုတည်မြဲပါ့မလဲ"

"ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် အတူတူနေကြတဲ့အချိန်တွေများလာရင် သံယောဇဉ်တွယ်သွားကြမှာပဲ"

"မချစ်တဲ့သူနှစ်ယောက်ရဲ့ပေါင်းစည်းခြင်းကို
မသိသလိုဟန်ဆောင်ပြီး ဂုဏ်ပြုပေးရတာအကျည်းတန်လိုက်တာ"

လမ်းမပေါ်တွင်အရှိန်ဖြင့်ပြေးလွှားနေသော ကားငယ်လေးရပ်တန့်သွားသည်ကိုပင်မသိလိုက် ကားပြတင်းကိုငေးမောနေသော သူက ဘုရားကျောင်းတွင်
တစ်ပိုင်းတစ်စကြားခဲ့ရသော လူအချို့၏ တီးတိုးစကားသံများကိုပြန်လည်ကြားယောင်မိရင်း အာရုံလွင့်ပြယ်နေသည်

Redamancy • VOPE • ✓Complete ✓Where stories live. Discover now