အပိုင်း ၁၇.၁

Start from the beginning
                                    

ငါသက်ပြင်းလည်းချလိုက်ရင်း

"မယ်တော်ကြီးက ငါတို့ကို နောက်နှစ်ထိတော့ ပိတ်ထားမှာ မဟုတ်ဘူး ဟုတ်တယ်မလား? "

လီချန်းရင်က "စိတ်မပူပါနဲ့ ငါ့မှာ အကြံရှိပါတယ် " လို့ပြောလာတယ် ။

သူ့ရဲ့ အကြံက ပုတ်သိုးနေတဲ့ သုံးစားမရတဲ့ အကြံပဲ ။ ငါက နေမကောင်းချင်ယောင်ဆောင်ဖို့တဲ့လေ ။

ငါက နေမကောင်းဖြစ်ချင်ဟန်ဆောင်ဖို့ မဖြစ်နိုင်ဘူး ။

အလယ်ပိုင်းမြို့တော် ကို ရောက်လာကတည်းက ငါ တစ်ကြိမ်ပဲ ဖျားခဲ့ဖူးတာ လေ ။

ငါ့ကို နေမကောင်းဖြစ်ချင်‌ေယာင်ဆောင်ခိုင်းဖို့ဆိုတာက ငါဘယ်လောက် အစွမ်းကုန် သရုပ်ဆောင်ပါစေ ယုံကြည်ချင်စရာကောင်းလာမှာ မဟုတ်ဘူး ။
       
 လီချန်းရင်က ငါ့ကိုမေ့လဲ ချင်ယောင်ဆောင်ဖို့ပြောတယ် ။ ငါအဲ့တာလည်း လုပ်နိုင်မယ်မထင် ။

ငါအစမ်းသရုပ်ဆောင်ကြည့်လိုက်တဲ့အခါ ငါမရယ်မိပဲ မနေနိုင်ဘူး ။
       
အဲ့တာနဲ့ လီချန်းရင်က စိတ်ဆိုးမာန်ဆိုးနဲ့ "တကယ်လို့ မင်းမလုပ်နိုင်ရင် ငါလုပ်မယ် " လို့ပြောလာတယ် ။

သူ မေ့လဲချင်ယောင်ဆောင်တော့ကျ  အစစ်နဲ့‌အတော်လေးတော့ တူသား။ အိပ်ယာပေါ်မှာ မျက်နှာသေနဲ့ တကယ် သတိမေ့နေသလိုပဲ ။

" တစ်ယောက်ယောက်လာကြပါအုန်း ထိုက်ဇစ်တျန်းရှ မေ့လဲသွားပြီ! တစ်ယောက်ယောက် လာကြပါအုန်း ...." လို့ ငါပြတင်းပေါက် ဘက်ကို အော်လိုက်တယ် ။

အကြိမ်ရေအနည်း‌ငယ်လောက် အော်ပြီးသွားတဲ့အခါ  နောက်‌ဆုံးတော့ နန်းဆောင်ရဲ့ တံခါး‌ေတွက ပွင့်သွားခဲ့ပြီလေ ။

လူတွေအများကြီး အပြေးအလွှားဝင်လာကြပြီး ၊ နန်းတွင်းသူတွေ တချို့က သမားတော်ပင့်ဆောင်ဖို့ အပြေးအလွှားပဲ ။မယ်တော်ကြီးပါ ဒီအကြောင်းကို သိသွားခဲ့တယ် ။

 သမားတော်တွေက သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်စစ်ဆေးကြတဲ့အခါ ရလဒ်က လီချန်းရင်ရဲ့ သွေးခုန်နှုန်း တွေက မတည်မငြိမ်ဖြစ်နေခဲ့တာတဲ့ ။
  ငါတို့ ဒီလောက်အကြာကြီး ဆာလောင်နေခဲ့ရတာဆိုတော့ သေချာပေါက် သူ့သွေးခုန်နှုန်းတွေက ဘယ်မှာတည်ငြိမ်နိုင်ပါတော့မလဲ ။

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now