ဂျောင်ဂုစိတ်တိုင်းကျ သူထည့်ပေးလာသည့်ကြက်သားဖတ်တွေအကုန်စားရသည်။
ခဏနေ ကျွန်တော့်ပန်းကန်ထဲရောက်လာပြန်သည့်အသားဖတ်တွေ။
နေမကောင်းဖြစ်တာက သူလား ကျွန်တော်လားပင်မသဲကွဲတော့ပါ။
ပန်းကန်လုံးထဲရှိရှိသမျှ ကြက်သားဖတ်တွေကို ခရင်းနဲ့ထိုးဆွပြီး လာလာပုံပေးနေ၏။

"ဂျောင်ဂု...ရပြီ အစ်ကိုဗိုက်ပြည့်နေပြီ"

ပြောလိုက်တာမြန်ပေလို့ မဟုတ်ရင် နောက်ထပ်တစ်တုံးကိုသူကထည့်ဖို့ပြင်နေသေးသည်။

"အစ်ကိုက အစားနည်းတာပဲ"

"ညနေဘက်ဆိုသိပ်မစားဘူး"

"ဟုတ်ပါပြီ" ဟုဆိုပြီးကျန်သည့်ကြက်သားဖတ်တွေကိုစားနေသည်။
စားတဲ့အပေါ်မှာအာရုံရောက်နေသည့်ဂျောင်ဂုမျက်နှာအားလှမ်းကြည့်ရင်းအတွေးများရသည်။
သူတို့နှစ်‌ယောက်က အခုဘာတွေလဲ။ ဘယ်အခြေအနေထိဒီလိုမျိုးဆက်ပြီးရှိသွားကြမှာလဲ။

ဖြစ်ရောဖြစ်နိုင်ပါရဲ့လား။ ကျွန်တော့်နှလုံးသားရဲ့ဆုံးဖြတ်ချက်ဟာ တကယ်ပဲမှန်ကန်နိုင်ပါ့မလား။
တစ်ခါလောက်များ သူ့အပေါ်လောဘတတ်ခွင့်ရှိလို့ဖြစ်ပါရဲ့လားလေ။

စားသောက်ပြီးတာနဲ့ ဂျောင်ဂုကိုဆေးတိုက်ရသည်။
သူ့အိမ်သူ့ယာလိုပင် တအားတွေသက်တောင့်သက်သာဖြစ်ပုံပေါ်နေသည့် ဂျောင်ဂုက အိပ်ယာပေါ်တတ်ပြီးသူ့ကိုယ်‌ပေါ်စောင်ပါခြုံထား၏။

မတ်တပ်ရပ်ပြီးပြူးကြည့်နေသည့်ကျွန်တော့်ကိုမြင်တော့

_

_

_

_

"ချမ်းလို့လေ"တဲ့

ဟောလ်~ အိမ်ကြီးရှင်ပဲ။
အခု ကိုယ့်အိမ်မှာကိုယ် အနေခက်တာဟာကျွန်တော်။
ကုတင်ကတစ်လုံးထဲရှိတာမို့ နေမကောင်းသည့်ဂျောင်ဂုကိုဆွဲချလို့လဲမဖြစ်တာကြောင့် စောင်နှင့်ခေါင်းအုံးပိုက်ပြီးဧည့်ခန်းသို့ထွက်ဖို့ပြင်လိုက်သည်။

လက်တစ်ဖက်ကို ခေါင်းအုံးရင်း မှေးနေသည့်ဂျောင်ဂု၏မျက်လုံးများကဖတ်ခနဲပွင့်လာခဲ့သည်။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now