အလုပ်များနေသည့် အမကဒီတစ်လတော့မလာဖြစ်တာကြောင့် သူ၏ရေခဲသေတ္တာမှာပြောင်သလင်းခါနေတော့တာ။

"ပူသေးတယ်နော်"

ထယ်ယောင်းက သတိပေးသလိုပြောတော့ ဂျောင်ဂုကပန်းကန်အနားစွန်းလေးကိုဆွဲရင်းသူ့ဘက်တိုးစေသည်။

တို့စိတို့စိ စားနေသည့်ဂျောင်ဂုကိုအရှေ့မှငုတ်တုပ်ထိုင်ကြည့်နေသည့်ထယ်‌ယောင်းက အားမရဟန်ဖြင့်။

"စားမကောင်းဘူးလား"

"ကျွန်တော် ဗိုက်သိပ်မဆာလို့"

"မဆာလဲ နည်းနည်းတော့ဝင်အောင်စားလိုက်ပါ ဆေးသောက်ဖို့ဆိုရင် ဗိုက်ထဲအစာရှိမှဖြစ်မှာ"

"အစ်ကိုရော ညနေစာမစားဘူးလား"

"ဟမ်.."

ဂျောင်ဂုပြောမှသတိရတော့သည်။ ဟုတ်သားပဲ ကျွန်တော်ဖြင့်ညနေစာကိုခုထိမစားရသေးဘူး။
ဂျောင်ဂုရောက်လာသည်နှင့်ဆာလောင်နေတဲ့ဗိုက်ကိုတောင်မေ့သွားသည်။

"နောက်မှစားလိုက်ပါ့မယ်"

"ဘယ်ဖြစ်မလဲ အဆာလွန်မှာပေါ့"

"ရတယ် အရင်လဲနောက်ကျမှစားနေကြ"

ကျွန်တော်ပြောတာကိုသဘောမတွေ့လှသည့်ကိုယ်တော်ချောရဲ့မျက်ခုံးတန်းတွေလှိုင်းထကုန်ပါပြီ။
အိပ်နေရင်ပဲချစ်ဖို့ကောင်းသလိုထင်ရတာ။ တကယ်က ဂျစ်ကန်ကန်ရုပ်ဖြစ်လာတာပဲ။

"တစ်‌ယောက်တစ်ဝက်စားမယ်"

"ဘယ်လို"

"ကြက်သားကအရမ်းများတယ် တစ်ယောက်တည်းမကုန်ဘူး"

"မဟုတ်တာ အစ်ကိုမစားတော့ဘူး မင်းပဲစား"

"အဖျားကူးမှာကြောက်လို့လား?"

"အာ့...အာ့လိုလဲမဟုတ်ဘူးလေ"

"ဒါဆိုစားရမယ်"

အကျပ်ရိုက်နေသည့်အစ်ကို့ပုံစံကချစ်ဖို့ကောင်းသည်။
ငယ်ငယ်တုန်းကထက် ပိုပြီးတည်ငြိမ်လာသည့်အစ်ကိုက စကားပြောလဲနှေးသွားသည်။
စတွေ့ချိန်အခါတုန်းက သူကချည်းဦးအောင်ပြောခဲ့သည့်အစ်ကိုဟာ ခုများကျ ကန်ရေပြင်လိုပင်ငြိမ်သက်နေတော့တယ်။

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now