အပိုင်း(၃)

Start from the beginning
                                    

အခုလည်း ခင်ဘာမှာသလဲသာပြောနေတယ်၊ ကြည့်နေသည့်မျက်လုံးတွေက သူ့ကိုဂရုတစိုက်သွားနော်' လို့ပြောစေချင်နေသလိုပင်။

"ခင်ဘာမှမှာချင်ပါဘူး သူများအလုပ်ကိစ္စခရီးသွားမဲ့ရေး ရှုပ်ရှုပ်ရှက်ရှက်ကွယ်"

"မရှုပ်ပါဘူးခင်ရယ် မရှုပ်ပါဘူး ကိုယ်ကခင့်အတွက်ဆိုဘာပဲဖြစ်ဖြစ် ရအောင်လုပ်ပေးမယ့်သူပါခင်ရယ်"

လာပြန်ပြီဒီကားစ်ယောက်လာလည်း
ဒီစကားနှစ်ယောက်လာလည်းဒီစကား ရိုးအီနေတာတောင်အထပ်ထပ်အခါခါကြားနေရတဲ့စကားပဲ။

"ဒါဖြင့် မြို့အုပ်မင်းခရီးသွားခဲ့ရင်
င့်အတွက် နှင်းဆီကိုမှ ကြက်သွေးရောင်ရင့်ရင့် အို.... အနီရင့်ရင့်နှင်းဆီ‌တွေယူခဲ့စမ်းကွယ် "

"ဟိုးကပန်းတွေနဲ့အတူစိုက်လှည့်မယ်"

ခင်ဟာအိမ်အပြင်ဘက်မှ သူ့ပန်းခင်းအားလက်ညှိုးထိုး၍ပြောရှာသည်။

"ခင့်အိမ်၊ခင့်ခြံင့်ပန်းခင်းထဲမယ် နှင်းဆီအနီ မရှိသေးလို့"
"ယ့်နှယ့်လဲ မြို့အုပ်မင်း ဖြစ်သလား"

"ဖြစ်ပါတယ်ခင်ရယ် ဒါပေမယ့် မှာတာကဒါပဲလား နှင်းဆီပန်းပဲလားတခြားာတွေကောခင်"

" မြို့အုပ်မင်းရယ် ခင့်ဘဝမှာဘာလိုသေးလို့လဲ"

"လိုချင်တာမှန်သမျှင့်ဘာသာလည်းရနိုင်တာပဲ မာယာခင်တို့က ဘယ်ယောကျာ်းရဲ့အားကိုးနဲ့မှတောက်ပြောင်နေမယ့်မိန်းမမဟုတ်တာ သိသင့်ပါတယ်"

မြို့အုပ်မင်းခမျာင့်ကို လျော့တွက်မိလေရော့သလား င့်ရှေ့ဘာစကားမှတောင်ထွက်နိုင်....မျက်စိပျက်မျက်နှာပျက်ဖြစ်နေရသည်။

"ဒါဖြင့်မြို့အုပ်မင်း ခင်နားချင်ပီကွယ် "

ခင်ဟာလေသံအေးအေးကလေးနှင့် ပြောရှာသည်။

"ဟုတ်သားပဲ ခင်လည်းပင်ပန်းလာရောပေါ့ ကိုယ်ခင့်ပန်းခင်းအတွက် ကြက်သွေးရောင်နှင်းဆီပန်းရှာယူလာခဲ့မယ်ခင်"

"ဟုတ်ပါပြီမြို့အုပ်မင်း"

"ကိုယ်ပြန်ပြီနော်ခင်"

"ကြွပါရှင်"

မာယာခင့်ကို တယ်လည်းလျော့တွက်သကိုးမြို့အုပ်မင်းရယ်။ခင်ဟာပြုံးပြုံးကလေးသာကျန်ပါတော့သည်။မြို့အုပ်မင်းခြံတံဝါးဝအထိရောက်သွားမှသာ ထိုင်ရာကထသည်။

" မိနွယ်!ခင်သံပုရာရည်ယူခိုင်းတာပေါ်မလာတော့ဘူးလား"

"မိနွယ်ရေ "
"မိနွယ်"

အော်ခေါ်မရသည့်အဆုံးအပေါက်ဝအနားကကြီးမြင့်အားလှမ်းမေးလိုက်ရသည်။

"ကြီးမြင့် မိနွယ်ရော"

"ကြီးမြင့် ခိုင်းလိုက်တာသမီးရဲ့ဒီမယ်ခင်လေးဖို့သံပုရာရည်"

"အလုပ်‌ရောအဆင်ပြေရဲ့လားသမီး"

"အလုပ်ကအဆင်ပြေပါတယ် လောလောဆယ် ခင့်ကားကပျက်နေတော့
အငှားကားဆီအထိလမ်းလျှောက်ရတာကအဆင်မပြေဘူးကြီးမြင့်ရဲ့"

"ဪ...ခင်လေးရယ်...သမီး ဝပ်ရှေ့ာကမနက်ဖြန်ဆိုကားရပီတဲ့ နေ့လည်ကအလုပ်သမားလေးလာပြောတယ်"
"ကြီးမြင့်ကပြောဖို့မေ့နေတာကွဲ့"

"အင်းအဆင်ပြေသားပဲ ဒါဖြင့် ခင်ရေချိုးအုံးမယ်နော် နည်းနည်းလူကနုံးနေလို့"

"ချိုးချိုး ကြီးမြင့်ထမင်းပွဲပြင်ထားမယ်နော် "
"ခင့်အကြိုက် ပြည်ကြီးငါးသုတ်ကလေးသုတ်ထားပေးတယ်"

"ခင့်အကြိုက်ဆို ခင်တို့ကတော့ နှစ်ပန်းကန်ပဲနော် "

ခင်ဟာသူချစ်ခင်တဲ့ လူတွေနှင့်ဆို ဒီလိုပင်အရွှန်းဖောက်လျက်ပြောတတ်သည်။ခင်တွယ်စရာများများစားစားမရှိသည့်သူမအဖို့ကြီးမြင့်ကတော့မိခင်သဖွယ်။
လှေကားလက်ရန်းကလေးအား အားယူကိုင်လျက် သူ့အခန်းကလေးဆီ ပြေးတက်သွားပြန်သည်။

7.2.2022

"ခင်"Where stories live. Discover now