Chapter 114- မရင်းနှီးတဲ့ ဖုန်းနံပါတ်

ابدأ من البداية
                                    

ဒီစကားတွေကြောင့် GuHai တွံတွေးနင်သွားတယ်။ သူ့လက်ကြီး ထွက်လာပြီး BaiLuoYinလည်ပင်းကို ညှစ်တော့မယ့်ပုံလုပ်ပေမယ့်၊ ချစ်လို့ စနောက်ခြင်းက ပိုပါတယ်။ ( ငါ ပြုတ်ပေးတဲ့ ကြက်ဥပြုတ်က မကောင်းလို့လား?) ဒေါသသံကြီးနဲ့ မေးလိုက်တယ်။

( မင်းတည်တဲ့ ရေနွေး သောက်လို့ ကောင်းမကောင်သာ မေးလိုက်ပါတော့လား?!)

( မင်းတော့ကွာ....)

GuHaiဟာ BaiLuoYinရဲ့လည်ပင်းကနေ သူ့လက်တွေသူ ခါးခါးသီးသီး ရုတ်သိမ်းလိုက်တယ်။ ပုပ်သိုးနေတဲ့ မျက်နှာကြီးနဲ့ ခြေထောက်ကို အရှိန်တင်ကာ BaiLuoYinနဲ့ ခပ်ခွာခွာ လမ်းလျှောက်နေတော့တယ်။

*GuHai မင်းတကယ်ကြီး စိတ်ဆိုးတာလား... ဘာလားဟ?*

်ဘBaiLuoYinဟာ GuHai သတိထားမိအောင် အသာလေး ချောင်းဟန့်သံပေးလိုက်တယ်။ ကံဆိုးချင်တော့ GuHaiမှာ သူ့ကို အဖက်လုပ်ချင်စိတ်မရှိသေး။ GuHaiဟာ အံကိုတင်းပြီး မျက်နှာတည်တည်ကြီးထားကာ ရှေ့တူတူအရပ်ကိုပဲ သည်းကြီးမည်းကြီးကြည့်နေဆဲ။ စိတ်မကြည်လို့ ညိုမှောင်နေတဲ့ GuHaiရဲ့ မျက်ဆံနက်နက်တွေဟာ မြို့လုံးကျွတ်ထိန်လင်းနေတဲ့ မီးရောင်တွေကြားမှာ အရှင်းသားမြင်နေရပေမယ့်၊ မျက်ဝန်းနက်ပိုင်ရှင်ရဲ့ လက်ရှိစိတ်အခေအြနေကတော့ လူမြင်ကွင်းကြီးပေမယ့် မမြင်နိုင်အောင် အပုန်းကောင်းဆဲ။

ဒီလိုနဲ့ နှစ်ယောက်သား ခရီးအတော်လျှောက်လာခဲ့ကြပြီးတဲ့နောက် BaiLuoYinတစ်ယောက် ဆက်သည်းမခံနိုင်တော့။ ( ကောက်နေတုန်းပဲလား? မင်းကလည်း အထိမခံရွှေပန်းကန်ဖြစ်နေလိုက်တာ)

အမှန်တိုင်းပြောရရင် GuHai ဒေါသပေသြွားတာ ကြာပါပြီ။ ဒါပေမယ့် BaiLuoYinက သူ့ကို ထိရှလွယ်တယ်လို့ ပြောလာတော့ သခင်လေးGu ကျွဲမြီးတိုသွားတယ်။ သူဟာ စော်ကားမော်ကားအပြောခံရတယ်ဆိုတဲ့ အတွေးနဲ့ သူဟာ ပိိုုလို့တောင် ခေလြှမ်းကို သွက်ပစ်လိုက်သေးတယ်။ မျက်စိတမှိတ်အတွင်းမှာပဲ သူဟာ BaiLuoYin မြင်ကွင်းကပျောက်ပြီး ဟိုးအဝေးကြီးကို ရောက်သွားလိုက်ပြီ။

*ဒီလူတော့ကွာ.....*

ထားရစ်ခံလိုက်ရတော့ BaiLuoYinဟာ အခြားရွေးချယ်စရာမရှိဘဲ ခပ်သွက်သွက်လျှောက်ကာ GuHaiနောက်က ပြေးလိုက််ရတော့တယ်။ ကြိုးစားပမ်းစား လျှောက်တော့မှ သူ GuHaiကိုမှီသွားတော့တာ။

( အိုကေ။ အိုကေ။ မင်းချက်တဲ့ဟင်းတွေက စားလို့မရလောက်အောင် အဆိုးကြီးမဟုတ်ဘူး။ ဒါပေမယ့် ဒီထက်ကောင်းအောင်ချက်ဖို့တော့ လိုသေးတယ်)

Are you addicted?Book-1 (Myanmar Translation )حيث تعيش القصص. اكتشف الآن