အပိုင်း ၆

Start from the beginning
                                    

"အစားစားချိန်မှတော့အဲ့စိတ်လေးခဏဖျောက်ထားပါဟယ် တချိန်လုံးသတိရလို့အချိန်ရှိပါသေးတယ် ညီမလေး ရှမ်းချဉ်နည်းနည်းလောက် "

နေခြည့်ကိုလည်းပြောရင်းရှမ်းချဉ်ကိုလည်းတောင်းရင်း မေဦးအလုပ်ရှုပ်နေသည်

"စားပြီးရင်ရှင်းကြမယ်လေ စားတုန်းကကျလက်သွက်လိုက်တာ အခုရှင်းမယ်ဆိုမီအေးဆေးထိုင်နေကြတယ် " ရှိန်းမှ

"ဟဲဟဲ ...."

"ဟီးး..."

"ထားလိုက်ပါ ငါဝယ်ကျွေးမယ် ညီမလေးဘယ်လောက်ကျလဲ "

" အမတို့ဝိုင်းကိုရှင်းပြီးပြီရှင့် ကောင်မလေးတယောက်ရှင်းပေးသွားတယ် "

"ဟုတ်လားဘယ်သူများလဲ "

"အဲ သူကရှင်းပြီးပြန်သွားပြီအမ ညမတို့လည်းမမှတ်မိလိုက်ဘူး "

"ရှိန်း နန်းမှုံများလား "

ဖြစ်နိုင်သည် ဒီမှာသူတို့ကိုသိသည်ဆိုလို့ အဲ့ကောင်မလေးတ‌ေယာက်ပဲရှိတယ် ဒီကလေးမ သူ့ကိုကူညီခဲ့လို့ မုန့်ပြန်ကျွေးတာဖြစ်မည် ပေါ်တင်ရှင်းလျှင်ငြင်းမယ်ဆိုတာသိနေသောကြောင့် တိတ်တိတ်လေးရှင်းသွားတာပဲဖြစ်မည်

ရှိန်း အပြုံးလေးတခုကိုပြုံးပြလိုက်ပြီး သုံး‌ယောက်သား ရှမ်းခေါက်ဆွဲဆိုင်မှပြန်လာပြီး ဗိုက်လေးသွားသောကြောင့် ဘယ်မှမသွားနိုင်ဘဲ အခန်းသို့သာပြန်လာလိုက်တော့သည်

......

ဒီနေ့မနက် ဆေးရုံမှာအလုပ်လုပ်ရမည်ဖြစ်သောကြောင့် နောက်မကျစေဘဲ သုံးယောက်သား စောစောထခါ ပြင်ဆင်နေသည် ၈နာရီမထိုးခင်ဆေးရုံရောက်သွားတော့ ဆရာမကြီး အခန်းကိုစုံစမ်းပြီး အခန်းဝင်ပေါက်အရောက်

" ဒေါ်နန်းခင်ထားမောင် "
   "သားဖွားဆရာမကြီး"

ဂုဏ်ပုဒ်ဖတ်တာတောင်ရှိန်နေပြီ
ရုပ်က‌ေလးလည်းလှ ကျက်သရေလည်းရှိ ရာထူးဘာညာပြောစရာမလိုတဲ့ ဒီအမျိုးသမီးမှာ ဘယ်လိုလောကဓံတွေကြုံခဲ့ရလဲဆိုတော့မသိကြပေ

" ဆရာမကြီး သမီးတို့ရောက်ပြီ "

နက်မှောင်နေသောဆံပင်ကိုဆံထုံးထုံးထားပြီး ဝတ်နေကျ မြန်မာအကျီလက်ရှည်ဝမ်းဆက်ကိုဝတ်ဆင်ထားသည် ‌အခန်းထဲက ကုလားထိုင်ပေါ်မှာထိုင်နေရင်း စာကြည့်မျက်မှန်နှင့် စာရွက်များကိုဖတ်နေသော‌ဒေါ်နန်းခင်ထားမောင် မော့ကြည့်လိုက်သည်

ထိုမြင်ကွင်းက နံနက်ခင်းကိုကျက်သရေရှိစေတဲ့ပန်းချီကားတချပ်

"အော် သမီးတို့ လာပြီလား စောသားပဲ ဆေးရုံအုပ်တောင်မရောက်သေးဘူး "

"ရပါတယ်ဆရာမကြီး စော‌စောလာလိုက်တာ နောက်ကျရင်အဆူခံရမှာစိုးလို့ "

"ဆေးရုံအုပ်ကြီးကသဘောတော့ကောင်းတယ် အချိန်မတိကျရင်မရဘူးကွဲ့ ဆရာမကြီးရောပေါ့ကွယ် ဟင်းဟင်း"

"ဟုတ်...."

"ဒါနဲ့ မနက်စာရောစားခဲ့ပြီးပြီလား "

"မစားရသေးဘူး ဆရာမကြီး ဟီး " မေဦးမှ

"ဟဲ့ နင်ကလည်းစားပြီးပြီဖြေလိုက်လေ အားနာစရာကြီး " နေခြည်ကတိုးတိုး‌လေးကပ်ပြောလိုက်သည်

"အေးပါကွယ် ခနစောင့်နော် ကော်ဖီဖျော်ပေးမယ် "

"သမီးအတွက်မဖျော်နဲ့နော် ဆရာမကြီး သမီးကော်ဖီနဲ့မတည့်လို့ " ရှိန်းမှ

"ဟုတ်လား အဲ့တာဆိုရင်တော့ milo ဖျော်ပေးပါ့မယ် "

milo ထုပ်လေးကိုမြှောက်ပြီး လက်ကခါပြရင်းပြောလိုက်သည်

"မနက်စောစောဘာမှမစားရင်တနေ့လုံးနုံးနေလိမ့်မယ် သမီးတို့ကအခုအစမို့လို့ နောက်ပိုင်း လုပ်သက်ကြာရင် သိလာလိမ့်မယ် "

လက်ချောင်းသွယ်သွယ်များဖြင့် ကော်ဖီကိုမွှေနေသော  ဒေါ်နန်းခင်ထားမောင် ဒီလောက်ချစ်စရာကောင်းတဲ့အမျိုးသမီးကိုကွာရှင်းတဲ့ယောကျာ်းကိုလည်းအံ့ဩမိသည် သူသာဆို မြတ်နိုးလွန်းလို့ စကားကြမ်းကြမ်းတောင်ပြောရက်မှာမဟုတ်

"ကဲ သောက်လိုက်ကြဦး ခဏနေ ဆေးရုံအုပ်ရောက်လာလိမ့်မယ် ဆရာမကြီး round လှည့်လိုက်ဦးမယ်နော် အေးဆေးနေကြ "

‌ကော်ဖီခွက်များချပေးရင်း duty coat ဝတ်ရင်း နားကျပ်ကိုပုခုံးပေါ်တင်ရင်း လှပသောခြေလှမ်းများဖြင့် ဒေါက်ဖိနပ်ကိုအသံမမြည်အောင်စီးရင်း
အခန်းထဲမှထွက်သွားသော ‌ဒေါ်နန်းခင်ထားမောင်.. ကျက်သရေရှိတာထက်ပိုပါတယ် 

ငယ်သူမို့ (completed)Where stories live. Discover now