"အစ်ကိုပြောတာ club ကိုလား"

"ကောင်လေး ၁၈ပြည့်ပြီမလား"

ဂျောင်ဝန်းမေးလိုက်တာနဲ့ ဟီဆွန်းပြန်ပေ့ာတာနဲ့က အနဲငယ်တိုက်ဆိုင်ပေမဲ့ ဂျောင်ဝန်းအတွက်အဖြေဆိုတာမရှိလိုက်ပေ။

အခုအကြိမ်က ဂျောင်ဝန်း ကလပ်ရောက်ဖူးတာပထမဆုံးအကြိမ်ပင်မို့ အနဲငယ်တော့သိတ်လှုပ်ရှားမိတာအမှန်။ ကလပ်ထဲရောက်တာနဲ့ နှာခေါင်းထဲသို့တစ်ဆိတ်ဆိတ်ဝင်လာတဲ့ စီးကရပ်အနံ့တွေ။ စီးကရပ်သောက်တဲ့လူတိုင်းကိုကြည့်လိုက်အများအားဖြင့်မိန်းခလေးများသားဖြစ်ကြသည်။ပဲရစ်ကအမျိုးသမီးတော်တော်များများ စီးကရပ်အရမ်းသောက်ကြသည်။ဘာလို့လဲဆိုတာတော့မသိ။သူထင်ပါသည် အစ်ကိုအီသန်လဲစီးကရပ်ကို ဒီမှာအနေများလို့သောက်မိတယ်ဆိုတာပေါ့။

"သောက်ကြည့်မလားကောင်လေးး"

"ဗျာ.. တော်ပါပြီ"

ဂျောင်ဝန်းလဲ ကလပ်ထဲဘာမှလုပ်စရာမရှိတော့ဟိုဟိုဒီဒီကြည့်မိသည်။သူ့ဘေးက အီသန်ကတော့ ဝိုင်ခွက်ကိုင်ကာ တီးလုံးနှင့်အညီ ခန္ဒာကိုယ်လှုပ်ရှားနေသည်။

"ကိုယ်ဒီလိုမျိုးငယ်ငယ်တုန်းကမခံစားခဲ့ရဖူးဘူး"

"အဲ့တော့အကိုကကျွန်တော့်ကို ငယ်တုန်းခံစားစေချင်လို့ ခေါ်လာတဲ့သဘောလား"

ဂျောင်ဝန်း စစ နောက်နောက်မေးမိသည်။

"ဒါပေါ့...ကိုယ့်ရဲ့လူငယ်ဘဝတုန်းက အလုပ်အလုပ်ဆိုတာတဲ့ပဲပြည့်နက်ခဲ့တယ်။ပညာကိုတောင်ဆုံးမောင်မသင်ရသေးဘူး အဖေနဲ့အကိုကြီးနဲ့ကရုပ်တရက်ဆုံးသွားခဲ့တယ်။ကျန်ခဲ့တဲ့ကိုယ်ကပဲတာဝန်ခံပေးခဲ့ရတယ်။အဖေရောအကိုကြီးပါဆုံးတော့ company ကအစကနေပြန်မဖောင်ရရုံတစ်ခုထဲပဲ။ရှယ်ရာရှင်တော်တော်များများကလဲနှူတ်ထွက်သွားခဲ့တယ်လေ..."

"အကိုအများကြီးပင်ပန်းခဲ့မှာပေါ့...အခုတော့အဲ့တုန်းကမခံစားလိုက်ရတာကိုခံရအောင်"

ဂျောင်ဝန်း အီသန့်ရဲ့လက်နှစ်ဖက်ကိုဆွဲပြီး က နေကြတဲ့လူအုပ်ထဲသို့ဆွဲခေါ်သွားခဲ့သည်။အီသန်ကအစပိုင်း မလှုပ်မရပ်သာ နောက်ပိုင်း ဂျောင်ဝန်းကအတင်းတွန်းအားပေးမှ အနဲငယ်ကသည်။ ဂျောင်ဝန်းစိတ်ထင်မိသည် အီသန်က မိငါးစုကိစ္စနဲ့ပတ်သတ်လျှင်အနဲငယ်ပျော့သည့်ထဲပါသည်ထင်။

EIFFEL Where stories live. Discover now