လူကြောက်တတ်တဲ့သူကသစ်ပင်နောက်လေးကိုအပြေးဝင်ပုန်းလိုက်တော့ ဂျောင်ကုဆီကရယ်သံလေးထွက်လာပြီး~
"မကြောက်ပါနဲ့ကိုကိုမင်းကိုဘာမှမလုပ်ပါဘူးကွာရဲရဲထွက်ခဲ့စမ်းပါ"
ထိုလူကိုယုံရပါ့မလားဆိုတဲ့မျက်ဝန်းတွေနဲ့ကြည့်မိ့သည် ~
"ထွက်လာရင်ကိုကိုမင်းကိုအရုပ်ပေးမယ်လေ"
ဂျောင်ကုကသူ့အကြိုက်ဆုံးအရုပ်လေးဖြစ်တဲ့Iron manအရုပ်လေးမြောက်ပြကာပြောတော့ကလေးလကမရဲတရဲထွက်လာကာသူရှေ့ကိုထုတ်ထားသော iron manအရုပ်ကလေးကိုဆတ်ခနဲဆွဲယူလိုက်လေရဲ့~
" ဒါမှ့ကိုကို့ကလေးလေး"
ထို့နောက်ထိုကိုကိုကသူ့ခေါင်းလေးကိုခွေးလေးတစ်ကောင်လိုပွတ်သတ်ပေးနေလေသည်သူတကယ်မကြိုက်ပါထိုခံစားချက်မျိုး~
"အင့်"
လက်ကိုပုတ်ထုတ်လိုက်တော့ကြောင်သွားဟန်နဲ့ပြန်ကြည့်လာတဲ့ကိုကို သူ့ရဲ့နောက်ဆက်တွဲစကားကြောင့်တဟားဟားနဲ့အော်ရယ်နေသေးသည်သူပြောတာရယ်စရာပါလို့လားသူမကြိုက်တာကိုမကြိုက်ကြောင်းလေးပြောမိ့တာပါ~
သူပြောခဲ့တယ် "သားခေါင်းကိုမပွတ်ပါနဲ့သားကခွေးမဟုတ်ဘူးလို့လေ"~"မင်းကစကားပြောတတ်တာလား"
ထိုသို့မေးလာသောကိုကိုကြောင့်ဂြိုလ်ကြည့်ကြည့်မိ့လိုက်လေသည် ဖေဖေလည်းလူ မေမေလည်းလူဟာကိုမွေးလာတဲ့သူကမှအများနဲ့မတူတစ်မူထူးပြီးမြွေဖြစ်ပေးရဦးမှာလား~
"သာသားသုံးနှစ်ထဲကမန်မန်လို့စပြောတတ်ပါတယ်နော်ကိုကိုရဲ့"
"ဟားဟားအစွာလေးပဲ~"
ထို့နောက်ကိုကိုနဲ့အတူ သစ်ပင်အောက်မှာလိုက်တမ်းပြေးတမ်းကစားဖြစ်ခဲ့ကြတယ် ကိုကို်ရယ်လိုက်တိုင်းပေါ်လာတဲ့ ယုန်သွားလေးတွေကိုသူသသဘောကျလာတယ် သူတို့မောသွားတော့သစ်ပင်အောက်မှာခဏနားခဲ့ကြတယ်~
"ယုန်ကိုကိုကဒီကိုဘာလို့ရောက်လာတာလဲ"
"ယုန်ကိုကို?"
"သားကိုကို ကိုအဲ့လိုလေးခေါ်ချင်လို့ပါရမလားဟင်"
သူ့ရဲ့ချစ်စရာနှုတ်ခမ်းဖူးဖူးလေးတွေနဲ့မျက်ဝန်းမှေးမှေးလေးတွေကြောင့်မည်သူကငြင်းနိုင်မှာတဲ့လည်းသူလေးကမွေးလာထဲကအလှလေးပါလေ~