'မင်းသား'

ဘတ်ဟျွန်း ဝမ်ယောလ် ကို ရှာမတွေ့တာကြောင့် သူ့အမြုတေရှိနေသောနေရာအား အာရုံခံရှာလိုက်ပြီး အမြုတေရှိရာနေရာသို့ ကိုယ်ဖျောက်ကာ သွားလိုက်သည်။

ဘတ်ဟျွန်း မျက်လုံးဖွင့်လိုက်တော့ ခမ်းနားလှသော မင်္ဂလာအခန်းသို့ရောက်နေသည်။

ဘတ်ဟျွန်း မှတ်မိနေသည်။ ထိုအပြင်အဆင်တွေက သူကိုယ်တိုင်ပြင်ပေးထားခဲ့သည့် ဝမ်ယောလ် နှင့် ဘတ်အွန်း တို့၏ မင်္ဂလာပွဲ......

ဝမ်ယောလ် က ဘတ်အွန်း ကို သေဆုံးပြီးသည့်တိုင်အောင် ကြင်ယာတော်အခန်းအားပုံစံမပြတ်ထားပုံကိုကြည့်ခြင်းဖြင့် ဘတ်အွန်း သေဆုံးသွားတာကို လက်မခံနိုင်သေးမှန်းသိသာလွန်းသည်။ ထို့ကြောင့် အပြင်ဘဝတွင်မဖြစ်နိုင်တော့သော အကြောင်းအရာတွေအား ဤပုံရိပ်ယောင်ထဲတွင် အကောင်အထည်ဖေါ်နေသည်။

'လာ....အွန်းလေး အတွက်ပြင်ထားတဲ့ ကြင်ယာတော်အခန်းကို လိုက်ပြမယ်'

'အင်း'

ဘတ်အွန်း ၏ လက်ကိုဆွဲကာ အခန်းထဲသို့ဝင်သွားသော ဝမ်ယောလ် အား ဘတ်ဟျွန်း ဝမ်းနည်းစွာကြည့်နေသည်။  ဒီအခြေအနေကို သူဖျက်စီးရန်သင့်ရဲ့လား။

ဝမ်ယောလ် က ဘတ်ဟျွန်း အတွက် ပြင်ထားသော အရာအားလုံးကို တစ်ခုချင်းပြနေသည်။ နောက်ဆုံး ပန်းချီကိုပြလိုက်ပြီးနောက် ဘတ်အွန်း က ဝမ်ယောလ် အား ချီးကျူးလိုက်သည်။

'ယောလ် က တော်လိုက်တာ'

'မင်းသားက အစ်ကိုတော်ငယ် ချီကျူးတာခံချင်နေတာလား'

ဒီပုံရိပ်ယောင်က ရိုးရှင်းသည်။ လိုချင်တာသက်သက်ကြီးသာ ပြပေးနေသည်။ ဒါပေမဲ့ အသေးစိတ်ပုံဖေါ်ထားကာ ဖန်တီးထားသောသူ၏ စွမ်းအားမြင့်မားမှုကို ခန့်မှန်းနိုင်သည်။

ဝမ်ယောလ် က ဘတ်အွန်း အား အနောက်ကနေသိုင်းဖက်ကာ ပန်းချီကိုကြည့်နေသည်။

ဒီလောက်ပါပဲ။ ဝမ်ယောလ် ဘတ်အွန်း ကို ချစ်သောအချစ်က ဤမျှအထိရိုးရှင်းသည်။

'မင်းသား'

ဒီအခြေအနေကိုမဖျက်စီးချင်ပေမဲ့ ဝမ်ယောလ် က တစ်သက်လုံး ဒီထဲမှာ ပိတ်မိနေလို့တော့မရပေ။ ထပ်ပြီး ဘတ်အွန်း ကို သူသတ်ရဦးမည်။

ForevermoreWhere stories live. Discover now